manawphyulayDecember 20, 20111min20422
တွေ့ဆုံပွဲလုပ်တုန်းကတော့ တကယ်ကို ပျော်မိပါတယ်။ ကျွေးတာတောင် မစားနိုင်ပဲ အလိုလို အပျော်တွေနဲ့ ပိနေလို့ သိပ်တောင်မစားနိုင်လို့ အဘဖောကတော့ ပြောပါတယ်။ မတန်ဘူးတဲ့လေ။ သေသေချာချာကြည့်တော့လည်း ဘယ်သူမှ မစားနိုင်ကြတာ တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြနဲ့ ကိုရင်ဆီလည်း လက်ဝါးဖြန့်ဖြန့်ပြီး ဘာတွေတောင်းကြမှန်းလည်းမသိနဲ့ အတော့်ကို ဝိုင်းဝိုင်းလည်နေတာလည်း တွေ့ရနဲ့ သီချင်းအဆိုကောင်းတဲ့ ဦးဘလက်ကြီးကိုလည်း မနောရဲ့ပွဲကြရင် ပင်တိုင်ဆိုဖို့ ခေါ်ဖို့စိတ်ကူးထားပြီးသား သိလး။ ဒီအပျော်တွေကို မြေနီကုန်းစီးတီးမတ်ထိ ယူဆောင်သွားခဲ့ပါတယ်။ ညလည်းရောက်ရော ညကားနဲ့ နေပြည်တော်ကို ချီတက်ခဲ့ရတယ်။ အပျော်တွေကို စိတ်ကူးယဉ်ရင်းနဲ့ နေပြည်တော်ရောက်သွားတော့ တည်းတဲ့ဟိုတယ်က အားလားလား ကားဂိတ်နဲ့ မိုင် ၂ဝ တောင်မောင်းရတဲ့ ခရီးဖြစ်နေတယ်။ ဟိုတယ်ရောက်တော့လည်း ခုမှ ဟိုတယ်ကြီးက ဆောက်လက်စနဲ့ ဒီရောက်မှ ဒီဇင်ဘာဆိုတာ ခံစားမိတယ်။ တောင်တွေ […]