Hein ThuAugust 24, 20101min15715
ပြီးခဲံတဲ့ တစ်ပတ်လောက်က ကျောင်းကခိုင်းလို့ မြို့ထဲကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ကျောင်းက တစ်ပတ်တစ်ခါမှ အပြင် ထွက်ရတာဆိုတော့ အပြင်ထွက်ရတဲ့ ရက်ဆိုရင် အိမ်ပဲ ပြန်ဖြစ်တာ များပါတယ်။ မြို့ထဲကို မရောက်ဖြစ်တာတောင် တော်တော် ကြာပါပြီ ။ ကျောင်းက ခိုင်းတာလုပ်ပြီးတော့ နေ့လည် ၁၁ နာရီလောက်ပဲ ရှိပါသေးတယ် ။ အဲ့ဒါနဲ့ ကျောင်းကို ပြန်မဝင်သေးဘဲ အိမ်ပြန်မယ်ဆိုပြီး လှည်းတန်းကားဂိတ်မှာ မင်္ဂလာဒုံ ဘက်ပြန်မယ့် ကားကို စောင့်နေခဲ့ပါတယ် ။ တနင်္ဂနွေရုံးပိတ်ရက်ဆိုတော့ လှည်းတန်းကားဂိတ်မှာ လူတော်တော်များ  ပါတယ် ။ ကျွန်တော်ကားစောင့်နေတုန်း သားသားနားနား ဝတ်ဆင်ထားတဲ့ (အသက်ကတော့ ၄၅ နှစ်လောက်ရှိမယ်ထင်တယ် ) လူကြီးတစ်ယောက် ကျွန်တော့်နား ရောက်လာပါတယ် ။ ပြီးတော့ကျွန်တော့်ကို ပြောပါတယ် ။ […]