moonpoemJanuary 23, 20141min17512
အိမ်….နွေးထွေးတဲ့အိမ်၊ အုတ်ဖြင့် ဆောက်သည်ဖြစ်စေ ဝါးဖြင့် ဆောက်သည်ဖြစ်စေ သွပ်ဖြင့် မိုးသည်ဖြစ်စေ ဓနိဖြင့် မိုးသည်ဖြစ်စေ သံယောဇဉ်၊နားလည်မှုများဖြင့် ရစ်ပတ်ခြုံလွှမ်းထားသော မိသားစုဝင်များတည်ရှိကြသည့် အိမ်လေးသည် အင်မတန် ပျော်ဖွယ်ကောင်းပေမည်။ တခါတရံ မဟုတ်တော့သော်လည်း အလုပ်ကိစ္စဖြင့် ခရီးထွက်ပြီး တစ်ပတ်ခန် ့ရက်ရှည် ခရီးစဉ်က ပြန်လာသည့်အခါ ကြိုဆိုမည့်သူ မရှိသည့်အိမ်ကို ပြန်ရသည်။ ပင်ပန်းနေပြီလား၊ အခြေအနေဘယ်လိုလဲ မေးရင်း ရေတစ်ခွက်လောက်ကမ်းမည့်သူကို မျှော်လင့်မိသည်။ သို ့သော်လည်း မရှိ။ မိသားစုနှင့်ခွဲခွာပြီး တစ်နယ်တစ်ကျေးကို လာရောက်လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် အနည်းနှင့်အများ အထီးကျန်မှုကို ခံစားရမည်သာ။ ဇန်နဝါရီ ဒုတိယအပတ်လောက်ကတော့ ခွင့်ရက်ရရျ် မန ္တလေးကို ပြန်ဖြစ်သည်။ မနက်စောစောစီးစီး အိမ်ကို ရောက်ရောက်ချင်း အဘွားဖြစ်သူက သမီးဘာစားချင်လဲ သမီးကြိုက်တဲ့ ကြက်ဥပလာတာ စားမှာလား၊ […]