alinsettFebruary 16, 20155min61433
                ပတ်ဝန်းကျင်သည် အကျည်းတန်မှုများနှင့် ဝန်းရံပစ်လိုက်သောအခါ ထိုပတ်ဝန်းကျင်အတွင်းမှ လူသားသည် သိမ်မွေ့လှပနိုင်စွမ်းဖို့ရာ မလွယ်ကူတော့ချေ။ အဲသည် ဝါကျကလေးကို ချရေးဖြစ်ပြီးနောက် လက်ရှိ ကိုယ် ဖြစ်နေတာတွေကို ပြန် တွေးတောမိသည်။ ညနေက ကျွတော် ဆံပင်ညှပ်ပါသည်။ ဖြစ်ချင်တော့ မြေနီကုန်း ဘဏ်မှ ထုတ်ယူလာသော ငွေကျပ် သုံးသိန်းက လွယ်အိတ်ထဲ ရှိနေသည်။ ဆံပင်ညှပ်ဦးမှပဲ လို့ စိတ်ကူးရပြီး ဆံသဆိုင်ထဲ ဝင်လိုက်ချိန်မှာ အချိန်က ညနေမှောင်ရီပျိုးစဖြစ်နေပြီ။ ဆိုင်ထဲမှာ ကျွန်တော်နှင့် ဆံပင်ညှပ်သူပါဆိုမှ နှစ်ယောက်။ ထို့အပြင် ပို မရှိပါ။ ဆိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်  အနည်းငယ် ဆိုင်မပီမသများ ဖြစ်နေသလားလို့။ သို့သော် ဒါက […]