maypearlJuly 21, 20101min2222
လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် တနေကုန်ပင်ပန်းထားသမျှ ညအိပ်ယာဝင်ချိန်တွင် ကောင်းမွန်စွာ အိပ်စက်အနားယူရန်လိုအပ်ပါသည်။ လူအတော်တော်များများဟာ မွေ့ယာကို အိရုံဖြင့် အိပ်လို့ကောင်းသည်ဟူသော အတွေးအခေါ်အမှားများရှိနေတတ်ပါသည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ထိုထင်မြင်ယူဆချက်မှာ မှန်သည်ဟုတွေးရန် အလွန်ခက်ခဲပါသည်။  ပုံမှန်အားဖြင့် မွေ့ယာအမျိုးအစား သုံးမျိုးရှိပါသည်။ စပရိန်၊ရေမြှပ်နှင့် မှို့တို့ဖြစ်သည်။ ထိုအပေါ်တွင်မှ ထပ်ဆင့်ပြီး အမျိုးအစား များ ကွဲပြားသွားခြင်း ဖြစ်သည်။ မြန်မာလူမျိုးတော်တော်များများသည် ဈေးနှုန်းသင့်တင့်ပြီး အိပ်စက်ရ အိသော ရေမြှပ်မွေ့ယာများကို မင်္ဂလာအခမ်းအနားများ၊ ဟိုတယ်များ နှင့် အိမ်များတွင် သုံးလေ့ရှိကြပါသည်။ ရေမြှပ်ဆိုသည်မှာ ဓာတုဗေဒနှင့် ပြုလုပ်ထားသဖြင့် ပုံမှန်သတ်မှတ်ထားသော အထူထက် လွန်ကဲပါက လူ့ကျန်းမာရေးကို အနည်းနှင့် အများထိခိုက်နိုင်ပါသည်။ရေမြှပ်မွေ့ယာသုံးမည်ဆိုပါက 2လက်မ၊4လက်မထုလောက် သာ သုံးသင့်ပါသည်။ 4လက်မထက် ကျော်လွန်သွားပါက အိပ်စက်ရန်အဆင်မပြေတော့ကြောင်းတွေ့ရှိရပါသည်။ ထူတာကြိုက်သဖြင့် 6လက်မထုသုံးချင်တယ်ဆိုလျှင် ကိုယ့်ကျန်းမာရေးကောင်းမွန်ပါက […]