moonpoemMay 27, 20111min16915
မြန်မာစာတွင် လေ့လာရခက်ခဲနေသော စကားအသုံးအနှူန်းများနှင့်ပတ်သတ်ပြီး အောက်ပါအတိုင်း လွယ်ကူရှင်းလင်းစေရန် ဗရုတ်သုက္ခဖြင့်ဖြေကြားပေးထားပါသည်။ ၁။သနပ်ခါးဘဲကျားလိမ်းသည် သနပ်ခါးကို မိမိ၏ချစ်သူ(ဘဲ) ခေါ်(ကျား) ကလိမ်းပေးခြင်းကိုဆိုလိုတာဖြစ်သည်။ ၂။အချိန်တန်တော့ နွားပိန်ကန် နွားပိန်ဆိုကတည်းက နို့ထွက်နည်းသော နွားမဖြစ်၏။ ထိုနွားပိ်န်သည် နွားဝဖြစ်မလာသေးခင်(အချိန်မတန်ခင်) သွားပြီး နို့ညှစ်သည့်အတွက် နွားစိတ်ဆိုးပြီး ကန်သောကြောင့် အချိန်တန် နွားပိန်ကန်ဟု ခေါ်၏။ ၃။ မီးစင်ကြည့်ကမည် မြန်မာနိုင်ငံသည်မကြာခဏဆိုသလို မီးပျက်တတ်သောနိုင်ငံဖြစ်၏။ ထို့အတွက်ကြောင့် အဆိုအကဝါသနာပါသောသူများသည် မီးပျက်သောအခါ အိမ်တွင်ကာရာအိုကေဆိုပြီး ကဖို့ရန်အတွက်မဖြစ်နိုင်သောကြောင့် မီးစင်ကိုကြည့်ပြီးကမည်ဟုဆိုလိုခြင်းဖြစ်သည်။ ၄။ လှတာမက်ရင်ညစာခက်မည်။ ထိုစကားပုံမှာ သစ္စာမရှိသော အိမ်ထောင်ရှင်အမျိုးသားများအတွက်ဆိုလိုခြင်းဖြစ်၏။ မိမိဇနီး၏ကွယ်ရာတွင်လှသော နုသော စမောလ်လေးများကို ခင်တွယ်မိသည့်အတွက် ဇနီးဖြစ်သူက မိသွားသောအခါအငတ်ထားသည့်အတွက်ကြောင့် ညစာခက်ခြင်းကို ပြောခြင်းဖြစ်ပါသည်။ ၅။ တစ်ချုံကွယ်တစ်မယ်မေ့ ထိုစကားပုံသည် အိ်မ်သာတက်ရခက်သူများကို ပြောလိုခြင်းဖြစ်သည်။ ဝမ်းချုပ်သူများ အထိုင်များသူတို့ […]