True FaithJuly 28, 20101min752
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် ၅ ရပ် ချုပ်ဆိုခဲ့ပြီး အိနိ္ဒယက အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ၁၃၆ သန်း ကူညီခဲ့ကြောင်း သိရသည်။ အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းခေါင်းစဉ်အောက်မှ ရထားလမ်းများတိုးချဲ့ရေးအတွက် သန်း ၆၀၊ ချင်းပြည်နယ်နှင့် အိနိ္ဒယ အရှေ့မြောက်ပြည်နယ်များ လမ်းပန်းဆက်သွယ်ရေးအတွက် သန်း ၆၀၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ၁ဝ သန်းနှင့် အိနိ္ဒယနယ်စပ် မိုးရေးမြို့မှ အထက်မြန်မာပြည်မြို့တော် မန္တလေးသို့ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းအတွက် ၆ သန်း ကူညီခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခြားချုပ်ဆိုခဲ့သော စာချုပ်များမှာ နှစ်နိုင်ငံ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှရေး၊ သိပ္ပံနှင့် နည်းပညာများ ကူညီထောက်ပံ့ရေး၊ ပုဂံဒေသရှိ […]