etoneJuly 23, 20101min500
ကျွန်တော်ရွာမှာနေရတာပျော်ပါတယ် ။ကျွန်တော.်မှာသူငယ်ချင်းတွေအများကြီးရှိတယ်။ ယောက်ျားလေးတွေကောမိန်းကလေးတွေရောပေါ့။သူငယ်ချင်းတွေထဲမှာကျွန်တော်က အညံ့ဆုံးပါပဲ။အရွယ်ရောက်တဲ့အခါသူတို့တွေကတော်ကြတော့နိုင်ငံခြားမှာပညာသွား သင်ကြတယ်။ ကျွန်တော်တစ်ယောက်တည်းရွာမှာကျန်ခဲ့တာပေါ့။သူတို့ဆီကစာလာတယ် သူတို့နဲ့ပြောချင်ရင်အင်တာနက်ကနေပြောလို့ရတယ်တဲ့ရေးထားတယ်။နောက်ပြီးအင်တာ နက်ကအားကိုးရတယ်သိချင်တာမေးလို့ရတယ်လို့ရေးထားတယ်။ကျွန်တော်သိတာ၃ရမင်း နတ်ပဲသိတာလေ။သူကအားကိုးရတယ်သိချင်တာမေးလို့ရတယ်ဆိုတော့နတ်မင်းတစ်ပါးလား မသိပါဘူး။သူတို့လိပ်စာပေးရင်အင်တာဆိုတဲ့နတ်ကဝင်ပူးပြီးပြောတာနေမယ်။ရန်ကုန်မှာပေါ တယ်လို့လဲရေးထားသေးတယ်။ရန်ကုန်မှာနတ်ပွဲတွေပေါပုံရတယ်။ကျွန်တော်လည်းရန်ကုန် ရောက်တော့စုံစမ်းတာထင်တားတာနဲ့လွဲနေတယ်လေ။အင်တာနက်ကဆိုင်ဖြစ်နေတယ်။ နိုင်ငံခြားကိုဖုန်းခေါ်လို့ရတယ်ဈေးပေါတယ်ဆိုတာနဲ့သူတို့ပေးတဲ့ဖုန်းနံပါတ်နဲ့အဲ့ဒီဆိုင်ကို သွားခဲ့တယ်။ဆိုင်နားမရောက်ခင်ကောင်မလေးနှစ်ယောက်ကဝက်ဆိုင်သွားကြည့်မယ် ဆိုပြီးရှေ့ကအင်တာနက်ဆိုင်ထဲဝင်သွားတယ်။ကျွန်တော်လည်းအဲ့ဒီဆိုင်ကဝက်တွေပါ ရောင်းတယ်ထင်နေတာ။ရွာမှာဆိုရင်ဝက်တွေကိုကြည့်မဲ့သူတောင်မရှိဘူး။သူတို့မို့လို့တစ်ကူး တစ်ကသွားကြည့်ရတယ်လို့။ဆိုင်ထဲဝင်လိုက်တော့စောစောကကောင်မလေးနှစ်ယောက်က TVရှေ့မှာထိုင်ပြီးTVကြည့်နေတယ်။သူ့အပြင်တခြားလူတွေလည်းTVကိုတစ်ယောက်တစ်လုံး ကြည့်နေကြတယ်။ရွာမှာဆိုရင်TVတစ်လုံးကိုလူတွေဝိုင်းပြီးကြည့်တာလေ။ရန်ကုန်ဆိုတော့ ့ တစ်ယောက်တစ်လုံးကြည့်တာနေမယ်။ဝက်တွေကိုအနောက်မှာထားတာနေမယ်။ကျွန်တော်လည်း ဆိုင်ကကောင်လေးကိုနိုင်ငံခြားဖုန်းခေါ်ချင်တယ်ပြောတော့ကောင်လေးကနံပါတ်ယူပြီးTVရှေ့ကို သွားနေတယ်။ဖုန်းဆက်ပါမယ်ဆိုမှဒီကောင်လေးTVရှေ့သွားပြီးငါ့ကိုဂရုမစိုက်ဘူးပေါ့။အဲ့ဒီအချိန်မှာ နောက်နားဆီကနေအသံကြားရတယ်။ဝက်ကမ်းပေးပါဆိုပြီးအော်ဝက်အရောင်းအဝယ်ဖြစ်သွားပြီနေ မယ်လို့။ကောင်လေးကရပြီအစ်ကိုဆိုပြီးဘီးကုတ်လိုဖော့တုန်းပါတဲ့ဟာနဲ့နားနားကိုလာကပ်ပေးတယ်။ ကျွန်တော်လည်းကြောက်အားလန့်အားနဲ့ဟယ်လိုခေါ်ကြည့်လိုက်တော့သူငယ်ချင်းရဲ့အသံကြားရတယ်။ ကျွန်တော်လည်းအရမ်းဝမ်းသာသွားတယ်။ဟာ.သူငယ်ချင်းနေကောင်းလား။အဆင်ပြေလားစသည်ဖြင့် သာကြောင်းမာကြောင်းရွာအကြောင်းပြောကြတာပေါ့။ငါရန်ကုန်ကအင်တာနက်ဆိုင်ကဆက်နေတာပေါ့ စကားတွေအများကြီးပြောပြီးမင်းအခုဘာလုပ်နေလဲလို့မေးလိုက်တယ်။သူကသူမအားဘူးလေEbookကို ဖတ်နေတယ်လို့ဖြေတယ်။သူ့စကားကြောင့်ကျွန်တော်တော်တော်နားရှက်သွားတယ်။ဒါပေမဲ့ဂုဏ်ယူပါ တယ်သူငယ်ချင်းလို့ပြောလိုက်တယ်။ရွာကသွားတဲ့အထဲမှာအီးဘုတ်လည်းပါသွားတယ်လေ။သူနဲ့အီးဘုတ် နဲ့ရည်းစားဖြစ်နေတာကိုငါ့ကိုကြွားတယ်ပေါ့။ကျွန်တော်လည်းနှုတ်ဆက်ပြီးဆိုင်ကထွက်လာခဲ့တယ်။ ဪ..သူတောင်အီးဘုတ်နဲ့ရည်းစားဖြစ်နေတယ်။ငါလည်းဘယ်ရမလဲရွာရောက်ရင်ရွာသူတစ်ယောက် ရအောင်ယူအုန်းမှပဲဆိုပြီးပြန်လာခဲ့လိုက်တယ်။