ကုိ ထြဋ္July 1, 20141min16311
Own Tune ရေးဖို့ ဘော်ဘော်တွေက ဝိုင်းကျပ်ပေးကြတော့လဲ ရေမြေ့သနင်း တယောက်နေမရတော့ပါဘူး… ရေးမယ့်ကြံတော့ ဘာရေးရမှန်းလဲ မသိ.. ဒါနဲ့ ကျွန်တော့် နှစ်သက်တဲ့ ဆရာကြီးပေါ့ သစ္စာနီရေးတဲ့ မိုးရာသီအက်ဆေးကို သွားသတိရတယ်… သတိရတာထက် လွမ်းမိတာပေ့ါလေ.. ဆရာကြီးက ပြောထားတယ်.. မိုးရာသီလို့ ဆိုလိုက်တာနဲ့တဲ့.. ဖြူစိမ်းတွေ၊ ဝင်းဝါနေတဲ့ သရက်သီးမှည့်တွေ၊ ရေမြောင်းပိတ်တာတွေ၊ ဝမ်းရောဂါတွေ သွေးလွန်တုပ်ကွေးတွေ ဒါတွေကို ဆိုထားတယ်ဗျ.. အဲဒါတွေ အခုထိတော့ မှန်တုန်းပဲ မမှန်တော့တာဆိုလို့ ဆရာကြီးဆိုထားတဲ့ မိုးရာသီမတိုင်ခင် လူပျိုလှည့်နေကြဖြစ်တဲ့ စာအုပ်ကြော်ငြာတွေပဲ.. အရင်ကဆို ဟုတ်ပါတယ် သတင်းစာတွေမှာ ဘယ်စာအုပ်တိုက်က ဆိုပြီး ကလေးစာစောင်တွေ ဗုဒ္ဓစာပေတွေနဲ့ အချစ်ဝတ္ထု တွေ စုပြီး တကွက်တည်းနဲ့ ကြော်ငြာတယ်.. တီဗွီမှာဆိုလဲ စာအုပ်ကြော်ငြာလေးတွေ လာသဗျာ.. ကျွန်တော် […]