weiweiNovember 22, 20101min21210
ဒီနေ့ အုန်းထမင်းချက်ဖြစ်တယ် … ခပ်လွယ်လွယ်ချက်လိုက်တာပါ … ပါဝင်သောပစ္စည်းများ ၁။ ဆန် ခွက်သေး (၂) ခွက် ၂။ အုန်းနို့ရည် (၁၀၀) မီလီလီတာခန့် ၃။ ပဲစိမ်းစေ့ (၁၀၀) ဂရမ် ၄။ မုန်လာဥနီ အနည်းငယ် ၅။ သကြား ဆား ဆီ အနည်းငယ် ချက်ပြုတ်နည်း အဆင့်ဆင့် … ထမင်းပေါင်းအိုးထဲကို ဆန်ဆေးထည့်ပြီး ရေနဲ့ အုန်းနို့ရေ ပမာဏကို ယခင်ထမင်းချက်တဲ့အချိုးအတိုင်းထည့်ရပါတယ်။ ဆားနဲ့ သကြားအနည်းငယ်ထည့်ပြီး ဆူပွက်သည်အထိ ချက်ထားရပါမယ်။ ဆူလာတဲ့အခါ ဆီအနဲငယ်နဲ့ ပဲစိမ်းစေ့နဲ့ ဥနီလှီးထားတာထည့်ပြီး မွှေပေးရပါတယ်။ ၃ မိနစ် တစ်ခါလောက် မွှေပေးပြီးတာနဲ့ အလွန် အနံ့မွှေးကြိုင်သော အုန်းထမင်း ဖြစ်လာပါတယ်။ လှလည်းလှ အရသာလဲရှိပြီး […]