ဘဲရႈပ္May 17, 20121min1184
၁ .၅ . ၂၀၁၂ နေ့ သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရပ်ကွက်တွင် ဒုတိယ အကြိမ် တလွဲတချော် အုပ်ချုပ်ရေးမှုူးရွေးပြန်ပြီလို့ သိရပါသည်။ တက်ရောက်လာတဲ့ ဆယ်အိမ်မှုူးများတွင်  ဝန်ထမ်းများပါရှိနေခြင်း၊ ရပ်ကွက်အတွင်း နှစ်အနည်းငယ်သာနေထိုင်လျှက်ရှိသူများ ပါဝင်နေခြင်းတို့ ကြောင့် ပြဿနာသဘောမျိုး လိပ်ခဲတင်းတင်း ဖြစ်လျှက်ရှိနေကြောင်း ကြားသိရပါသည်။ ယ္ခု ရွေးချယ်ထားသော အုပ်ချုပ်ရေးမှုူးအသစ် ဦးမြင့်ရွှေ ဆိုသူမှာ ရပ်ကွက်အတွင်းတဆက်တည်း (၁ဝ ) နှစ် ပြည့်အောင် နေထိုင်သူ မဟုတ်ခြင်း  အစရှိသည့် မပြည့်စုံ စည်းကမ်း မညီညွတ်သည့် ရွေးချယ်မှုူကြီးဖြစ်ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများ သိရှိနားလည် နေကြပါသော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ရပ်မိရပ်ဖ ကြီးကြပ်ရေး အဖွဲ့ (၅) ဦးတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင်ကြောင်းလည်းသိရှိရပါတယ် […]