ဃိန်….. ဂိန်……ကိန် ဇာတ်လမ်း အစက ဒီလိုပါခင်ဗျ ပြီးခဲ့တဲ့ တနင်္ဂနွေက ပန်းဆိုးတန်းတလျှောက် စာအုပ်တန်းတွေ ရောက်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ အဖေ့အမွေ ဆက်ခံသူဆိုတော့ စာအုပ်လေးတွေ မွှေနှောက် ရှာဖွေ လှန်လှောဖတ် ကြိုက်ရင်လည်း ဝယ်သိမ်းတဲ့ အကျင့်လေးကြောင့်ပါ။ နောင်အချိန်ရတော့လဲ ပြန်ဖတ်ဖို့ ကြိုတင်စုဆောင်းတဲ့ သဘောပါ။ ဘာမှ ထွေထွေထူးထူး ရှာမတွေ့တော့ စာအုပ်တိုက်တွေဘက် ခြေဦးလှည့်တာပေါ့ဗျာ။ အဲဒီကနေ စာပေနယ်ထဲရော အနုပညာနယ်ထဲပါ ညီအစ်ကို တစ်အုပ်ကြီးရှိတဲ့ အသောက်ဆြာ ဘော်ဒါက ဖုန်းဆက်လာတော့ နေမညိုသေးတာက တကြောင်းမို့ တီးဆိုင်လေးမှာ ဆုံကျရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။ ပြောကောင်းနေတုန်း ဟာသဘက်မှာ လူကောင်ကြီးကြီးနဲ့ အောင်မြင်နေသူ အစ်ကိုတယောက်က လှည်းတန်းဘက်လာဖို့ အကြောင်းပြောလာတော့ ကျနော်တို့ ၃ယောက်သား ရွေ့ကျလေသတည်းပေါ့ သူက လူကသာ ဟာသလုပ်နေတာ စာရေးစာဖတ်ပါ ကိုယ်တိုင်ရော မျိုးရိုးပါ ကောင်းကြသူတွေလေ လေးလဲ လေးစားအပ်သူပါ။အရင်က ကြုံတောင့်ကြုံခဲ ခုလိုလူစုံရင် ကျနော်က အငယ်ဆုံးနဲ့ အကဲဆုံးမို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကျမို့ အမှတ်တရနဲ့ သွားလေသူ ၅ဝကျော်လေးကို သတိရလိုက်ပါသေးတယ်။ […]