လူတိုင်းမှာတော့ စိတ်ကူးအချို့ အိပ်မက်အချု့ိ ရှိကြမှာပါ။ ရှိလည်း ရှိကြပါတယ်။ စိတ်ကူးဆိုတဲ့အရာ ကတော့ ကိုယ့်စိတ်ထဲမှာ တွေးထားတဲ့ အရာတွေပေါ့။ အိပ်မက်သည်မှာလည်း ကိုယ်နှစ်သက်ရာ အိပ်မက် မက်ထားတဲ့ အရာတွေပေါ့။ ငယ်ငယ်ကတော့ ကြီးလာရင် ဘာလုပ်မလဲ ဆရာဝန်ကြီး စစ်ဗိုလ်ကြီး အင်ဂျင်နီယာကြီးပေါ့။ ဆယ်တန်းအောင် တက္ကသိုလ်ရောက်လာတော့ ဂရက်ဖစ်ဒီဇိုင်းပညာကို စိတ်ဝင်စားတာနဲ့ အဲ့သည်ပညာနဲ့ ငွေရှာလာတာ ငါးနှစ် ခြောက်နှစ်နီးပါး ရှိလာချိန်မှာတော့။ ကိုယ်ဖြစ်ချင်တဲ့ ဘဝပုံစံကို ငြီးငွေ့စပြုလာပါတယ်။ အသက်အရွယ်လာတဲ့အချိန်မှာ စိတ်ကူးအိပ်မက်အချို့ဟာ အရောင်ပြောင်းလာတော့တယ်။ စိတ်ရှုပ် စရာ ဒီဇိုင်းတွေ မဆွဲချင်တော့ဘူး။ ကိုယ့်နေအိမ်ကို မက်မောလာတယ်။ တိုးတက်ချင်စိတ်မရှိဘူးလို့ ပြောရင်လည်း ခံရမယ့်ပုံစံ။ စိတ်ထဲက အဝေးကြီး မှန်းပြီး အိပ်မက်မက်ရတာထက် စိတ်ကူးတာထက် လက်တစ်ကမ်းအလိုကိုသာ ပိုပြီးအိပ်မက်ချင် စိတ်ကူးချင်တယ်။ လောလောဆယ် […]