၇။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် (ဗမာစကားပုံ) အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ဆိုတဲ့ စကားပုံလေးကတော့ အရေးတကြီး ဖြစ်နေတဲ့အချိန်မှာ တစ်စုံတစ်ဦး ဖျက်လိုဖျက်ဆီး ပြုလုပ်တာကြောင့် ပျက်စီးသွားတဲ့အဖြစ်ကို ဆိုလိုတာပါ။ ဒီစကားပုံလေးနဲ့ပတ်သက်လို့ ရာဇဝင်လေးတစ်ခုရှိပါတယ်။ ဖတ်ကြည့်ပါဦးခင်ဗျာ။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် (စကားပုံရာဇဝင်) တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင့်ထံမှာ အမှုတော်ထမ်းတဲ့ ပုဏ္ဏားတစ်ယောက်ရှိသည်။ ပုဏ္ဏားကြီး နက္ခတာရာများ တွက်ချက်ရာတွင် အလွန်တော်သောသူတစ်ယောက်ဖြစ်သည်။ တစ်နေ့သောအခါ ပုဏ္ဏားမတွင် ကိုယ်ဝန်ရှိလေသည်။ ပုဏ္ဏားမှာ နက္ခတ်ကိုတွက်ချက်ကြည့်သောအခါ အဖေ့လျှာကို ပြန်ဖြတ်မည့် ကလေးဖြစ်နေသည်ကို တွေ့ရလေသည်။ ပုဏ္ဏားမခမျာ ပုဏ္ဏားကြီးကိုတောင်းပန်ကာ ကလေးမွေးလာပြီးမှ စွန့်ပစ်ဖို့ ပြောလေသည်။ ထိုကလေးမွေးလာသောအခါ ပုဏ္ဏားမမှာ မိမိသားငယ်အား မသတ်ရက်၍ ဖောင်ငယ် တစ်ခုဖြင့် မြစ်ထဲသို့မျောလိုက်လေသည်။ ထိုကလေးအား ရွာငယ်တစ်ရွာမှ လင်မယားနှစ်ယောက်မှ တွေရှိ၍ မွေးစားလိုက်လေသည်။ […]


စကားပုံတွေနဲ့ပတ်သက်လို့ အချို့အရာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက သိခဲ့တာလေးတွေကော ကြားဖူးနားဝရှိခဲ့တဲ့ စကားပုံလေးတွေအကြောင်း တင်ပြလိုက်ပါတယ်။   ၁။ မချစ်သော်လည်း အောင့်ကာနမ်း (ဗမာစကားပုံ) မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ စကားပုံလေးကတော့ ကိုယ့်မနှစ်သက်တဲ့သူ၊ မုန်းတဲ့သူ (သို့မဟုတ်) ကိုယ်မနှစ်သက်တဲ့ အစားအစာ ၊ အသုံးအဆောင်ပစ္စည်း စတဲ့အရာတွေကို မနှစ်သက် ၊ မကြိုက်ပေမယ့် အဲသည်စိတ်တွေကို စိတ်ထဲမှာထားက ကိုယ်မုန်းတဲ့သူကိုလည်း တစ်ခါတစ်ရံမှာ ပြုံးပြဆက်ဆံရတာမျိုးတွေ ၊ ကိုယ်မနှစ်သက်တဲ့ အစားအစာတွေကိုလည်း စားရတာမျိုးတွေမှာ ခိုင်းနှိုင်းပါတယ်။ အဲသည်စကားပုံလေးနဲ့ ပတ်သက်လို့ ကျွန်တော်ကြားဖူးနားဝရှိတဲ့ ရာဇဝင်လေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ချို့သူတွေလည်း ကြားဖူးမယ်ထင်သလို၊ တစ်ချို့သူတွေလည်း ကြားဖူးမှာမဟုတ်ပါဘူး။ သည်ရာဇဝင် လေးကလည်း ကျွန်တော်နောက်ပြောမယ့် စကားပုံလေးနဲ့လည်း သက်ဆိုင်နေလို့ပါ။ မချစ်သော်လည်း အောင့်ကာနမ်း ( […]