ငယ်ငယ်တုန်းက ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်ပါ။ အခုထက်ထိ မှတ်မိနေသေးတော့ ပျော်စရာအနေနဲ့ ပြန်ရေးကြည့်ပါဦးမယ်။ နတ်ပြည်ကစားတဲ့ နတ်သုဒ္ဒါအသီးတစ်မျိုးဟာ လူ့ပြည်မှာ ရှိပါသတဲ့။ အဲ့သည် အသီးရဲ့ ဒဏ္ဏာရီလေးပေါ့။   ရှေးသရောအခါက တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးတစ်ပါး အလွန်ချောမောလှပတဲ့ သမီးတော်လေးတစ်ပါးရှိပါသတဲ့။ မင်းသမီးလေးရဲ့ အလှဟာ သူ့တိုင်းပြည်မှာတင်မဟုတ်ဘဲ အနီးအနား ဝန်းကျင်က တိုင်းပြည်တွေပါတင် ကျော်ကြားသတဲ့။ မင်းသမီးလေးကို လိုချင်ကြ တဲ့ အခြားတိုင်းပြည်က မင်းသားတွေလည်း တပုံတပင်ပေါ့။   သည်လိုနဲ့ ဘုရင်မင်းကြီးဟာ သူ့ရဲ့သမီးတော်လေးအတွက် တွေးပြီး ပြိုင်ပွဲတစ်ခုကို တိုင်းပြည်အရပ်ရပ်သို့ ကြေငြာမောင်းထုခဲ့သတဲ့ကွယ်။ အဲသည်ပြိုင်ပွဲကြေငြာချက်ကတော့ မြင့်မားလှတဲ့ မျှော်စင်ကြီးတစ်ခု တည်ဆောက်ပြီး မျှော်စင်ရဲ့ပတ်ပတ်လည်မှာ ရေပြင်ကျယ် ကြီးဖြစ်အောင် ဖန်တီးလိုက်သတဲ့။ ရေပြင်ကျယ်ကြီးထဲမှာတော့ အသားစား ရေသတ္တဝါ အစုံကိုထည့်သွင်းထားသတဲ့။ မင်းသမီးလေးကို လိုချင်တဲ့ မင်းညီမင်းသားတွေဟာ […]