တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။ မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။ မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။ မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ […]


ငါးဆုပ်ဆိုရင် မေမေကျွေးတဲ့ ငါးဆုပ်ပဲသိခဲ့တာ။ ငါးဖယ်ခြစ်ဆိုတာ ကိုဈေးကြီးတာနဲ့ မေမေက ဈေးထဲသွားရင် ငါးအရိုးနဲ့အရေခွံတွေဝယ် အရိုးကအသားကိုခြစ် အသားငါးဆုပ်လုပ် အရေခွံကိုကော်မှုန့်နဲ့ထောင်း အရေခွံငါးဆုပ်လုပ်။ ကျန်တဲ့အရိုးကို ဟင်းချိုချက်။ တစ်အိမ်လုံးစားမှ (၁၀၀၀)ကျပ်တောင်မကုန်။ ဘယ်လိုပဲဈေးနည်းပါစေ မေမေချက်ကျွေးတဲ့ ဟင်းတွေဟာ ဈေးတန်ပြီး အတော်စားလို့ အဆင်ပြေခဲ့တာ။ မုဆိုးမဖြစ်ပြီး သားသမီးငါးယောက်ကို အိမ်ပိုင်နဲ့ထားနိုင်တယ်ဆိုကတည်းက မီးဖိုချောင်နိုင်နင်းခဲ့တာ။ ခရေပန်းတွေ ကျတော်ချစ်တယ်။ သစ်ပင်တွေကို ကျတော်ချစ်တယ်။ ဘဝအစိတ်အပိုင်းတွေထဲမှာ ခရေပန်းလေးတွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာပါပဲ။ ဖေဖေဆုံးပြီး မေမေကဈေးတစ်ခုမှာ ဘော်လီချုပ်ဆိုင်လေးဖွင့်တဲ့အချိန်ပေါ့။ အဲ့တုန်းက ခရေပန်းတစ်ကုံးငါးကျပ်။ ခရေပန်းကောက်ရောင်းမယ်ဆိုပြီး။ အိမ်နားက ရှိသမျှ ခရေပင်တွေမှာလိုက်ကောက်ပြီး ကျောင်းစားရိတ်ရှာခဲ့တာတွေ။ မိုးတွေရွာချလို့ ခရေပန်းတွေ အများကြီးကြွေတဲ့အချိန် မေမေနဲ့အတူတူ ခရေပန်းတွေကောက်ခဲ့ရတာလည်း အမှတ်တရပါပဲ။ လွမ်းတယ် မေမေ။ ——————- ရင်နှင့်ရင်း၍


ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]