Midnight FM (2010 Korea Film)   အချို့ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကျွန်တော်တို့ဟာ လျစ်လှူ ရှုမိခဲ့ကြသလိုမျိုး ဖြစ်တတ်ပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်ကားဆိုရင်လည်း 2010ခုနှစ်က ကိုရီးယား သည်းထိတ်ရင်ဖို့ ၊ အက်ရှင် အမျိုးအစား တစ်ခုပါ။ ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တဖိုဖို ဆွဲဆောင်လွန်းတာကြောင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ချွဲဆွန်ယောင်း ဟာ ရေဒီယို ညလယ်ပိုင်း အစီအစဉ်ရဲ့ အနောင်ဇာ တစ်ယောက်ဖြစ်ပါတယ်။ သူမမှာ ညီမတစ်ဦးရှိပြီး ဆွံ့အနေတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူမ ညီမဖြစ်သူမှာလည်း သူမရဲ့ သမီးနဲ့ ရွယ်တူ သမီးလေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ သူမဟာ သူမအလုပ်ကနေ အနားယူပြီး ပညာတော်သင် သွားဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သူမရဲ့ ရေဒီယို ညလယ်ပိုင်း အစီအစဉ် နောက်ဆုံးဖျော်ဖြေရမယ့် ရက်အရောက် […]


အခုတလော ရန်ကုန် ဟော့ပေါ့ဆိုင်တွေနဲ့  အဝစား အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေ ခေတ်စားလာပါတယ်။ ရေဘေးကြောင့်လည်း စာတွေက ရေးမထွက်ပါဘူး။ သို့ပေမယ့် မရေးရရင်မနေနိုင်တာကလွဲလို့ အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေအကြောင်း ရေးဖို့စိတ်ကူး လေးပေါ်လာတာနဲ့ ရေဘေးအတွက်လည်း ကိုယ်တတ်နိုင်သလောက်လေး လှူ  ရေးချင်တာ လေးလည် ရွာထဲမှာရေးဖို့ ရွာထဲကို ခြေလှမ်းခဲ့ရပြန်ပါတော့တယ်။ အိမ်မှာလည်း စားဖို့ဝယ်ထားတဲ့ ဆန်လေးလည်း ကုန်ခါနီးပါပြီ။ ရုံးကနေ အမေ့ကို ဆန်တစ်အိတ်လောက် စုစပ်ပြီး ဝယ်ထားပါဦးအမေရယ်။ သား ပိုက်ဆံရရင် ထပ်ပေးပါ့ မယ်ဆိုပြီး ကိုယ့်မိသားစုအတွက်လည်း အမေ့ကို ဆန်ဝယ်ထားခိုင်း။ ရန်ကုန်က စားခဲ့သမှ ျ ဟော့ပေါ့ဆိုင်အကြောင်းလေးတွေ စာစီကာ ရေးမိပြန်ပါတော့တယ်။   Thai Pot ရန်ကုန်မှာတော့ နာမည်ကြီးတဲ့ အဝစား ဘူဖေး အသားကင် နဲ့ […]