“ဟယ်လို….. လှိုင်ထွန်းစကားပြောနေပါတယ်ခင်ဗျာ….. Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…”           ရုံးခန်းသို့ရောက်ရောက်ချင်းပင်  မြည်လာသောဖုန်းကိုကိုင်လိုက်ကာ  ပြောနေကျစကားအတိုင်း  ကျွန်တော့်နှုတ်မှ ထွက်ကျသွား၏။ တစ်ဖက်မှပြောသောစကားသံကို ကြားရလိုက်ရသဖြင့် အတတ်နိုင်ဆုံး (English) အင်္ဂလိပ်လို ယဉ်ကျေးစွာ ကျွန်တော်ဖြေဆိုနေရသည်။ တစ်ဖက်မှ ဖုန်းချသွားကာမှ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရ၏။ နံနက်ပိုင်း စီးလာသော ဘတ်(စ်)ကားကြပ်ပါသည်ဆိုမှ ရုံးသို့ရောက်ရောက်ချင်းပင် Tourist ဖုန်းနှင့်တွေ့ရသဖြင့်  ပိုလို့ပင် အမောဆို့သွားရသည်….။           ထိုင်ခုံပေါ်တွင်ထိုင်နေရင်းပင် ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်။ ပြည်ပခရီးသွားခြင်း ဝန်ဆောင်မှုလုပ်ငန်းအား ဝါသနာပါသောကြောင့်သာ Travel & Tours တစ်ခုတွင် စာရင်းကိုင် (Accountant) နေရာတွင်… လုပ်နေသော်လည်း Hotel (ဟိုတယ်လ်) အများအပြားနှင့် ဆက်ဆံရခြင်း ၊ Tourist (နိုင်ငံခြားသား) […]