ရွှေအိမ်စည်October 17, 20121min765
ကျွန်မနယူးဇီလန် သွားတုန်းက ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။ “လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ”   ဒီမေးခွန်းကို ကျွန်မသဘောကျလို့ ကျွန်မနဲ့သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။ အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ “သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊ အချစ်၊ ဂရုစိုက်မှု…. ” စတာတွေဖြစ်တယ်။ အဖြေတွေထဲက ကျွန်မကို မေးခွန်းထုတ်ခဲ့တဲ့ ကောင်မလေး ဖြေခဲ့တဲ့ “အချိန်” ဆိုတဲ့အဖြေကို အခုထက်ထိ ကျွန်မ အမှတ်ရနေမိတယ်။   ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။ တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က […]