kaiApril 15, 20111min10011
မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ဝန်းရံလာတယ်။ ‘ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ’ ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။ ‘ဟေ့၊ ဖက်တီး’ နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။ ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။ အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။ […]