manawphyulayMarch 20, 20121min47728
လိုင်းကားစီးရတာလည်း အလုပ်သွားချိန်ဆို ဒုံးပျံစီးပြီး သွားချင်စိတ်ပဲ ပေါက်မိတယ်။ အဓိပတိကလည်း ကြာလိုက်တာမှ အီကြာကွေးဆွဲနေသလိုပါပဲ။ အမျိုးသမီးကားကတော့ တစ်ခါတလေ မြန်တယ်။ ဒီတော့ မနက်အလုပ်သွားချိန်ဆို မြန်တဲ့ကားပဲ စောင့်စီးဖြစ်တယ်။ တစ်နေ့တော့ ၄၈ ကားစီးလာတာ မြို့ထဲမရောက်ခင် အလုံမြို့နယ် စာရင်းစစ်ချုပ်ကျောင်းနားလည်း ရောက်ရော ဘေးက ကွန်တင်နာကို ဟို်င်းလတ်ကားတစ်စီးက ဖြတ်တက်ပါရော။ ဘာမပြော ညာမပြောနဲ့ ဖြတ်တက်တော့ ကွန်တင်နာက ကားဟွန်းတီးလိုက်တယ်။ ဖြတ်တက်တဲ့ကားက မနော စီးလာတဲ့ကားရှေ့ရောက်တော့ လက်ပြတားတယ်။ ကားပေါ်ကို လှမ်းကြည့်တော့ ဟိုင်းလတ်ကားကလှည့်ကင်းကားဖြစ်နေတယ်။ သူပဲ ဘာမပြော ညာမပြောနဲ့ ဖြတ်တယ်။ ပြီးတော့ လက်ပြတားတယ်။ တားတော့ ကားသမားက ရပ်ပေးတယ်။ ဆရာတို့ ဘာကြောင့် လက်ပြတားရတာလဲပေါ့။ ကားပေါ်မှာလည်း မတ်တတ်ရပ်နေတဲ့သူဆိုလို့ စပယ်ယာနှစ်ယောက်ပဲရှိတယ်။ ဒါနဲ့ မော်တော်ပီကယ်က […]