A mar nyoAugust 15, 20131min1886
ကျောင်းပြီးသွားလို့အိမ် မှာလည်ရာပြန်စားရေးရာထူးရနေတုန်းမှာအသိအစ်မခင်ခင်ကျေးဇူးနဲ့ ဒီအလုပ်ကိုရခဲ့တယ်။ဒီအလုပ်ဆိုတာကစကားပြန်ပါကိုရီးယားစကားပြန်ပေါ့။စသင်တုန်း ကတော့ဒီအတိုင်းသွားသင်လိုက်ပေမဲ့ဒီဟာနဲ့အလုပ်လုပ်ရလိမ့်မယ်လို့မထင်ခဲ့မိပါဘူး။မထင်လို့လဲအကို ရဲ့အပြောအဆိုခံခဲ့ရတာကိုအမှတ်ရနေသေးတယ်။စသင်တုန်းကအကိုကသဘောမတူပါဘူး။သူ ကအင်္ဂလိပ်စာသင်စေချင်ပေမဲ့ကျွန်မကဇွတ်သင်ခဲ့ပါတယ်။အဲ့ကျေးဇူးနဲ့အခုအလုပ်ရပါပြီး။ အ ထည်ချုပ်မှာMDနဲ့လက်အောက်ကလူတွေကိုဘာသာပြန်ပေးရပါတယ်။်စက်ရုံမှာအစ်မမီမီနဲ့အစ်မယောင်းနာ ရယ်mrlimနဲ့ဆရာမတို့ရှိပါတယ်။ဆရာမကတော့MDပါ။ပထမဆုံးအလုပ် ဆင်းတဲ့နေ့မှာတော့နည်းနည်းကြောက်နေခဲ့ပေမဲ့အားလုံကသဘောကောင်းပြီပျော် ဖို့ကောင်းတယ်လို့ခံစားမိတယ်။၂ရက်လောက်ကြာ  တော့ ဒုက္ခနဲ့လှလှနဲ့တွေပါပြီကိုယ်သင်ထားတာကရိုးရိုးစကားပြောလက်တွေ့ကစက်ရုံသုံးဆိုတော့ဘာကို  ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ဒါပေမဲ့ဆရာမကသင်ပေးပါတယ်သူကပြောလိုက်သေးတယ် အစကဒီလိုပဲဖြေးဖြေးသင်ပါတဲ့။၄ယောက်လုံးအရမ်းသဘောကောင်းကြလို့ကျွန်မကံကောင်း  တယ်လို့တွေးမိပါသေးတယ်။မသိလို့မေးရင်လည်းလုပ်နေတဲ့အလုပ်တောင်ရပ်ပြီးသေချာ ရှင်းပြပေးတယ်။အဲ့ဒါတောင်နားမလည်ရင်ပုံတွေနဲ့ထပ်ရှင်းပြပါတယ်။ဆရာမကသဘောကောင်းပေမဲ့ လက်အောက်ကဝန်ထမ်းတွေနဲ့အဆင်မပြေပါဘူး။ကျွန်မမရောက်ခင်ကတည်းကအဆင်မပြေတာ ဆိုတော့ဘယ်ကစလဲမသိခဲ့ရိုးအမှန်ပါ။သူတို့အဆင်မပြေတော့ကြားထဲကကျွန်မကဘယ်ကလာလို့ အဆင်ပြေပါတော့မလဲ။အစကတော့ပျော်နေပေမဲ့၁ပတ်လောက်နေတော့ထွက်ပြေးချင်  စိတ်တောင်ပေါက်လာတော့ပါသည်။၁နေ့၁နေ့ပြသာနာမရှိတဲ့နေ့မရှိ။ကျွန်မအလုပ်ဝင်ပြီးမကြာပါဘူးဆရာ မကသူ့တပည့်ကိုအေးချမ်းကိုခေါ်လိုက်ပါတယ်။သူကလုပ်သက်၁နှစ်လောက်ရှိပြီးဆိုတော့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော်တော်လေးလည်းနားလည်ပါတယ်။ကျွန်မကိုလည်းအများကြီးသင်ပေးပါတယ်။ အလုပ်လုပ်ရင်းနဲ့ကူညီပေးတဲ့လူနဲ့လည်းတွေ့သလိုလုပ်သက်ရင့်နေလို့မာန်မာနတက်တဲ့သူ ကိုယ် သိတာကိုသူများကိုမပြောချင်တဲ့သူမသင်ပေးနဲ့သူများနဲ့လည်းတွေ့ခဲ့ရပါသည်။ကိုအေးချမ်းရောက် လာတော့ကျွန်မပညာလည်းရသလိုအနည်းငယ်လည်းသက်သာသွားပါသည်။ စိတ်သက်သွားတာပါ။အဲ့အချိန်မှာစက်ရုံမှာကိုရီးယားပို့မဲ့အော်ဒါချုပ်နေတဲ့အချိန်ပါ။export ပို့ရမှာကိုအထည်တွေကမပြီးသေးတော့ဒုက္ခရောက်နေပါပြီး။ပြီးတော့စက်လိုင်းထဲ ကချုပ်ပြီးတာနဲ့ချက်ချင်းမပြီးပါဘူး။ချုပ်ပြီးချည်မွေးညုပ် ၊အထည်ကိုစစ်ရပါတယ်။အထည်စစ်တယ် ဆိုတာအရည်အသွေးမကောင်းကောင်းစစ်ရတာပါ။မကောင်းရင်ပြန်ပြင်ရပါတယ်။ပြီးရင်မီးပူ တိုက် ရ၊ပြီးရင်တံဆိပ်ချတ်ပြီးအိတ်ထဲထည့်ပြီးboxထဲထည့်ရပါတယ်။ပြီးမှထွက်လို့ရပါတယ်။အဲ့လုပ်ငန်း အ တွက်အချိန်၃ရက်လောက်ပေးရပါတယ်။လိုင်းထဲကနောက်ကျတော့ဘယ်လိုမှလုပ်လို့မရပါဘူး။ထွက်ဖို့နေ့မှာမထွက်နိုင်ဖု့ိများနေပါတယ်။ အဲ့တော့လုပ်တတ်တာကိုဝိုင်းလုပ်ရပါတယ်။hand tagတွဲလိုက်အထည်ခေါက်လိုက်၊အထည်မှာကပ်နေတဲ့ချည်မွေးတွေခါလိုက်နဲ့ရက်ဆက်ဆိုတော့လက်မောင်းတွေတောင်အောင့်လာပါတယ်။အမှတ် တရပေါ့ရှင်။နောက်အမှတ်တရကတော့သင်္ကြန်ပိတ်ရက်မတိုင်ခင်၁ရက်ပေါ့မှတ်မှတ်ရရအဲ့နေ့ ကဘောနပ်ပေးပါတယ်။အဲ့နေ့မှာပဲကားဖယ်ရီအတွက်ပိုက်ဆံပေးရပါတယ်။ဆရာကမေးခိုင်းပါတယ် တဝက်ပေးပါမယ်ရမလားလို့အဲ့ချိန်မှာမပြောဘဲညနေမှအပြည်မရရင်မပြန်ဘူးလုပ်ပါတယ် ပေးရမှာက သိ်န်း၆ဝကျော်ပါတယ်။တဝက်ဆိုတော့၃ဝလောက်ကိုညနေမှာဘယ်ရရှာမလဲစောစောပြောရင်ဘောနပ် မပေးပဲပေးလို့ရပါတယ်။အခုတော့သူတို့ကလည်းမရရင်မပြန်ဘူးဆိုပြီးဖယ်ရီတောင်လိုက်မပို့ပါဘူး။  ကားတွေအားလုံးစက်ရုံရှေ့မှာရပ်တားပါတယ်။နောက်ဆုံးတော့ဆရာဟိုဟိုဒီဒီသွားပြီးချေးပေးလိုက် ရပါတယ်။ပေးပြီးဆရာကဒီနေ့ကားခဖြတ်မယ်လို့ပြောတော့စိတ်ဆိုးပြီးစကားများကြပါတယ်။ဆရာ ကလည်းဒေါသထွက်နေတော့ကျွန်မတို့ကခေါ်ပြီးထွက်လာလိုက်ပါတယ်။ကားပေါ်တက်ပြီးပြန်မယ် လုပ်တော့ ရှေ့ကနေကားကိုခေါင်းချင်းဆိုင်ပြီးထွက်လို့မရအောင်ပိတ်ထားလိုက်တယ်။ပြီးတော့အပြင် ကကားတွေကလည်းစက်ရုံတံခါးရှေ့မှာပိတ်ရပ်ထားပါသည်။အဲ့နေ့ကတော့တကယ့်ကိုရုပ်ရှင်ဆန် ဆန်ပါ။တခါမှမကြုံဘူးတော့ကြောက်လိုက်တာပြောမနေပါနဲ့၊အဲ့နေ့ကကိုအေးချမ်းကရွာပြန်သွားလို့  ကျွန်မပဲရှိပါတယ်ကြောက်ပေမဲ့လည်းကြားကနေပြောရတာပေါ့ဆရာမနဲ့မမမီမီတို့ကလည်းကြား ကနေပြေရာပြေကြောင်းပြောပေးကြပါတယ်။ခဏနေတော့အဆင်ပြေပြီးနှစ်ယောက်လုံးအပြန် အ လှန်တောင်းပန်ရင်းပြေလည်သွားပါတယ်။ကျွန်မတို့မှာကြားကအရူးတွေလိုပါပဲပြေရာပြေကြောင်း […]


Mg OggaJuly 3, 20101min560
ဖွံဖြိုးရေးလုပ်သားတွေ ရွာထဲဝင်ရင် ကျင်ကြံရမည့် စည်းကမ်းများစွာရှိပါတယ် ရွာသားတွေကို မျှော်လင့်ချက် မပေးရ၊ ရွာသားတွေ မျက်စီနောက်အောင်မနေရ၊ရွာသားတွေနဲ့ တစ်သားထဲ နေရမယ်၊လူထုဆီသွား၊ လူထုနဲ့ နေ၊ လူထုဆီက သင်ယူ၊ လူထုဆီက ရှိတာနဲ့ စ ပြီးတော့ လူထုမှာရှိတဲ့ အရာနဲ့ပဲ တည်ဆောက်ပါ စသဖြင့်ပေါ့ ဒါတွေဟာ လူမှုဖွံဖြိုးရေးလုပ်သားတိုင်း နားလည်ထားတဲ့ ကျင့်ဝတ်တွေပါ။ ဒါပေမယ့် ဒီအတိုင်ကျင့်ကြံတဲ့ သူရှားပါတယ်။ ဆရာကြီးလို့ ခေါ်ခံရတဲ့ ဖွံဖြိုးရေးဘိုးအေကြီးအချို့ တောင် ဒီလိုမလုပ်ကြပါဘူး ထားပါတော့လေ။ အရင်က ရွာတွေသွားရင် ရွာသားတွေ ကျွေးတာ ကျွန်တော်တို့တွေ စားခွင့်ရှိပါတယ်။ နောက်ပိုင်း ကျေးရွာကို အကူအညီလာပေးတဲ့ သူတွေကြောင့် ကျေးရွာမှာ ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာလို့ ကျေးရွာက ကျွေးတဲ့ ဟာကို မစားရဘူးလို့ စည်းကမ်းလုပ်လိုက်ပါတယ်။ ဒါပေမယ့် […]