CourageNovember 17, 20121min1629
အတူတူပါပဲ   ရန်ကုန်မြို့လမ်းမများ၏ မြင်ကွင်းတွေကိုအားလုံးပဲမြင်ဖူးကျပါလိမ့်မယ်။ ယခင့်ယခင် ကတော့ ရန်ကုန်မြို့ရဲ့ ကားလမ်းတွေပေါ်မှာ မော်တော် ယဉ်ပေါင်းမျိုးစုံကိုမျက်စိနောက် ဖွယ်မြင်နေရပေမယ့် သက်တန်းရင့် ယဉ်အအိုအဟောင်းများကို ကားသစ်များနှင့်လဲလှယ်ခွင့်ပြုပြီး သည့် အခုနှစ်ဆန်းပိုင်း (၂၀၁၂ခုနှစ်)လောက်ကစပြီး လမ်းမပေါ်မှာ ကားတွေကို ပိုပြီး မျက်စိနောက်လောက်အောင်မြင်ခဲ့ရသည်။ ကားတွေများလာတာနဲ့အမျှ ယဉ်ကျောပိတ် ဆို့မှုဆိုတာ ကလည်း နေရာတိုင်းလိုလိုပင်။ ဒါတွေကိုဖြေရှင်းပေးရန်အတွက်ရန်ကုန်မြို့ရဲ့အချက်အချာလမ်း စုံနေရာ၊ယဉ်ကျောပိတ်ဆို့မှုအများဆုံးဖြစ်ပေါ် တက်သောနေရာကြီးလေးနေရာတွင်လည်း ဂုံးတံတားကြီးလေးစဉ်းကိုတည်ဆောက်ပေးဖို့ လေးလပဲအချိန်ယူမည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက အတိအ လင်းကြေညာထားခဲ့သည်ကိုလည်း အားလုံးသိပြီးသား၊ ကားအသစ်များ၊ကားအကောင်း စားကြီးများနှင့်တန်အောင် လမ်းများကိုလည်း အကောင်းဆုံးဖြစ် အောင်ပြုပြင်ပေးနေခဲ့သည်ကို လည်း အားလုံးသိပြီးသားဖြစ်မည်။ ဒါတွေကအရေးမဟုတ်။ ယခုကျွန်ုပ်ပြောပြချင်သည်က ဒီလိုကားအကောင်းစားကြီးတွေ ၊ဖြူးနေတဲ့လမ်းတွေ၊အဆင့်မြင့်ဂုံးကျော်တံတားကြီး တွေ မြင်ရတော့မည့်အရေးကို တွေးမိခဲ့တဲ့အချိန် ကျွန်ုပ်စိတ်ထဲတွင်ပေါ်လာသည့်အတွေးလေးတစ်ခု၊အဖြစ်အပြက်လေးတစ်ခုကြောင်းကို တင်ပြလိုခြင်း ပင်။အဲ့ဒီ့အတွေးကို ကျွန်ုပ်စတင်ရရှိခဲ့သည်ကတော့ ယမန်နှစ် ကျွန်ုပ်၏ […]


ဈေးရောင်းနေတဲ့ ကလေးငယ်( ဘေးကလက်ဝါးဖြန့်နေတဲ့ ကလေးကသူ့သူငယ်ချင်းပေါ့) ——————————————–************************——————————— လူသားတိုင်းမှာ အနာဂတ်ကိုယ်စီရှိကြပါတယ် ကျုပ်တို့အနာဂတ်ကို ဘယ်အချိန်ဘယ်အရွယ်လောက်က စတင်မျှော်မှန်းခဲ့တာလဲ ကျုပ်တို့ အနာဂတ်ကို ဘယ်အချိန်ဘယ်အရွယ်လောက်က စတင်တည်ဆောက်ခဲ့ကြတာလဲ ကျုပ်တို့မျှော်မှန်းတဲ့ အနာဂတ်ကောင်းတစ်ခုအတွက် ဘယ်လိုစတင်တည်ဆောက်ရမလဲ ကျွန်တော်တို့ နောက်မှ မွေးဖွားလာတဲ့ကလေးငယ်တွေကကော… သူတို့ အနာဂတ်အတွက် ဘယ်အချိန်ဘယ်အရွယ်ကစပြီးပြုစုပြိုးထောင်သင့်သလဲ ကျုပ်တို့ကရော ကိုယ်မျှော်မှန်းခဲ့တဲ့ အနာဂတ်ကိုရောက်ပါရဲ့လားဒါမှမဟုတ်ကြိုးစားနေတုန်းလား ################################################################# အချိန်ကား(၃)နာရီ ထိုးလုထိုခင် ဘဏ်ရှေက မိတ္တူဆိုင်မှာ L/C ဖွင့်ဖို့ စာရွက်စာတမ်းတွေပြင်ဆင်နေတုန်း ကတ္ထူ စက္ကူတစ်ချပ် ကိုမြေမှာ တရွတ်တိုက်ဆွဲလာတဲ့ ကလေးငယ် ကျွန်တော် ထိုင်ရာနေရာနဲ့ မျက်နှာချင်းဆိုင်က မီးစက်ကြီးဘေး အရောက်မှာ ကတ္ထူ စက္ကူကြီးမသပ်မယပ် အသာခေါက်ပြီး  ထောင်းထားလိုက်တယ် ဒီအချိန်မှာပဲ ရန်ကုန်မြို့ရဲ့ မြင်ကွင်းသစ်ဖြစ်တဲ့ ညနေ(၃)နာရီကျော်မှ လမ်းဘေးဈေးတန်းရောင်းချစေရေး စီမံချက်အရ (၃)နာရီထိုးတာနဲ့ […]


thit minOctober 2, 20111min28622
တကယ်ကခုတလောသစ်မင်းလဲလျှော်လို့မရအောင်ကိုညစ်နေတာပါပဲလေ။ ဒါနဲ့ဟာသတွေဖတ်၊  ပြန်ရေး၊ စိတ်ဖိစီးမှုတွေဘာတွေပြန်ရေးနဲ့ကိုယ်ဟာကိုပြန်သွေးရတာပေါ့ဗျာ။ မန်းဂေဇက်လိုရေးစရာတနေရာရှိတာကတော့၊ ရေငတ်နေသူရေသန့်စက်ရုံပိုင်လိုက်သလိုပါပဲ၊ တော်တော်ကျေးဇူးကြီးတဲ့ဦးခိုင်ဗျ။ ကျနော်ဒီလိုပဲရိုးရိုးသားသားမြင်တယ်။ ဘာအကန့်မှမပါဘူး။ အစဉ်အလာမပျက်ဂေဇက်ကိုလဲဖတ်တယ်ပေါ့ဗျာ။ အဲဒီမှာဘာတွေ့လဲဆိုတော့ ခုတလော အပူဝေ့ဗ်(အပူလှိုင်း)တွေအများစုတွေ့နေသလိုပဲဗျာ။ ဧရာဝတီကလဲပူစရာကိုးဗျနော်။ ထိုင်းနယ်စပ်ကကလေးမလေးများကလဲ သနားစရာတော်တော်ကောင်းတာမဟုတ်လား။ တခုခုထလုပ်ပေးချင်စိတ်ပေါက်သွားအောင်ကိုသနားစရာပါ။ ဘာသာရေးငြင်းခုံပွဲလဲရှိပါသေးတယ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာဆိုတော့ အထိမခံနိုင်ကြတာသဘာဝကိုး။ ကောင်းပါတယ်။ ငြင်းတဲ့အထဲကဗဟုသုတတွေ တလှေကြီးရတယ်။ ကိုယ်ကိုကိုယ်ဘာသာရေးပြောနိုင်တယ်လို့ထင်တဲ့သစ်မင်း တောင်”သေး” သွားတယ်။ နောက်တခုကတော့ဟိုပုံဒီပုံတွေနဲ့ပို့စ်တွေပါ။ ဆယ်လစ်ဘရစ်တီ ဝက်ဆိုက်တွေမှာမြင်နေကြတဲ့ပုံဟောင်း သစ်တွေစာစောင်မျက်နှာဖုံးတွေ အွန်လိုင်းကဟိုနားဒီနားက ပုံတွေကိုဒီမှာလာ၊ တင်တာများတယ်လို့ထင်ပါရဲ့။ မန်းဂေဇက်အဖွဲ့သားများကလဲ အားပေးကြပါတယ်ဗျာ။ အဲဒီအရင်တရက်ကဦးစွာ တင်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပို့စ်မှာကော်မန့်တခုမှမရသေးခင်၊ အဲဒီဓာတ်ပုံပို့စ်မှာကော်မန့်၁၅ခုကျော်သွားပါလားမင်းကြီးများ(^^;)…. ဟောလာပါပြီနောက်တခုတီရှပ်နဲ့ဘိုသီဖတ်သီစတိုင်နဲ့ပဲ ပတ်စ်စပို့ကိုဖတ်ကနဲကောင်တာပေါ်ပြစ်တင်ပီး, အနောက်ကကောင်တွေနိုင်ငံတကာ အဲပိုတ်တွေမှာ အင်မီဂရေးရှင်းကိုခပ်မှန်မှန်ဆက်ဆံနေချိန်မှာအနီရောင်စာအုပ်ကိုင်မြန်မာ များကတော့ရီလဲပြရ စစ်ဆေးမေးမြန်းတာတွေကိုလဲ သီးခံရသေးဆိုတဲ့ အနေအထားမျိုးမှာ”ဂျပန်မတယောက်ကိုမုဒိမ်းကျင့်သတဲ့၊ သတ်သတဲ့”။ ဂျပန်အစိုးရဆိုတာမြန်မာအစိုးရအဆက်ဆက်ကိုေ ထာက်ခံခဲ့တာနော်။ ဘယ်သူမှဘာအကူညီမှမပေးချိန်မှာတောင်သူရဲ့ပုံမှန်ထောက်ပန့်ကြေးဒေါ်လာတသန်းကို မပျက်မကွက်ပေးနေခဲ့တာ။ ဒါကတပိုင်း။ နောက်တခုကလူသတ်ပြီး ပစ္စည်းယူတာဆိုနားထောင်လို့ရသေးတယ်။ […]