ဆရာတစ်ယောက်က စာသင်ခန်းတစ်ခုမှာ ရှေးဟောင်းမြို့များကို ပြန်လည်တူးဖော်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောပြနေပါတယ် တူးဖော်နိုင်ဘို့အတွက် ဘယ်လိုပြင်ဆင်ရတယ် ဘယ်လိုတူးဖော်ရတယ် ဘာတွေတွေ့ရှိရတယ် ဆိုတာတွေကို သူ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ပြောနိုင်တော့ ကျောင်းသားအားလုံးရဲ့  စိတ်ဝင်စားမှုကလည်း အပြည့်ပေါ့ အဲဒီလိုပြောရင်းကနေ  တူးဖော်မှုတစ်ခုမှာ တွေ့ရတဲ့ ရှေးဟောင်းပန်းအိုးလေးတွေရဲ့ အကြောင်းရောက်သွားတယ် ဘယ်လိုအနုပညာမြောက်အောင် ပုံဖော်ထားတယ် သက်တမ်းကတော့ ဘယ်လောက်ရှိပြီ ဆိုတာတွေပြောပြရင်းကနေ အဲဒီအိုးကလေးရဲ့ ခန့်မှန်းခြေကာလတန်ဘိုးကို မေးကြည့်တော့ ကျောင်းသားတိုင်းက ကိုယ့်အမြင်နဲ့ ကို အမျိုးမျိုးပြောကြတာပေါ့ အဲဒီအချိန်မှာပဲ ဆရာက အောက်ကပုံလေးကို အားလုံးမြင်အောင်ပြပြီးတော့ ဒါဘာပုံလဲဆိုတော့ တစ်တန်းလုံးက “ပန်းအိုးလေးတစ်လုံး”  ရဲ့ ပုံပါလို့ဖြေကြတယ် နောက်စာသင်ခန်း တစ်ခုမှာကတော့ ဆရာသင်ရတဲ့ခေါင်းစဉ်က အမြွှာမွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ ဆေးပညာအယူအဆ အကြောင်းတွေကို ဆွေးနွေးပါတယ် စာသင်ကောင်းတဲ့ ဆရာကြီးတွေဆိုတော့ သူ့စာသင်ခန်းမှာလည်း […]