အေတြးေလးDecember 27, 20141min1198
အလှမ်းကျယ်ရင် အလယ်လပ်သတဲ့ . . . ကိုယ်ဟာ အလှမ်းလည်းမကျယ်သလို အစွမ်းလဲမရှိသူ မပြည့်စုံချင်းတွေနဲ့ပြည့်နေလို့လားမသိ တပ်မက်မှုတွေ က ခြောက်ခမ်းလာတယ် ပေးပါ စဉ်းစားတတ်တဲ့လက်တစုံ ကျွန်တော်ကိုပေးပါ စိတ်ကူးတွေနဲ့ အသိဉာဏ်တွေဟာ တဖြည်းဖြည်း ဝေးသွားသလိုပဲ ခပ်ခါးခါးအတ္တတစ်ခွက်ကို ကော်ဖီနဲ့အတူမျောချလိုက်တယ် ပူနွေးစွာစီးဝင်သွားတဲ့ အာခေါင်မှာခါးသက်လို့ ကိုယ်ပျိုးခဲ့တာအဆိပ်ပင်ဖြစ်ရင်တောင် အရွယ်ရောက်အောင်ပြုစုလိုက်မယ် Sometime တစုံတခုကိုတောင့်တမိပေမယ့် တစုံတခုက ဘာမှန်းရေရေရာရာမသိ တွေးမိတယ် စိတ်အစဉ်ဟာ ပုံမှန်ဟုတ်၏မဟုတ်၏ အလှမ်းကျဉ်းရင် အလယ်မဟာဘူးတဲ့ မွေးတယ် သတ္တိတွေမွေးတယ် ဘဝအတွက်အနာဂါတ်တခု ကိုယ်လျှောက်နေတဲ့လမ်း ဟာ မှန်လားမှားလား မသိသေး ဘဝလှေကိုလှော်နေချိန် တက်ကျိုးရင် လက်နဲ့လှော်လိုက်မယ် ပြပါ ကျွန်တော့ကိုလမ်းမှန်တခု ပြပေးပါ တိုက်ပွဲဝင်ဖို့လက်နက်တစုံ ထုတ်ပေးပါ Please ကျွန်တော်လျှောက်နေတဲ့လမ်းမှာ ခလုတ်ကန်သင်းတွေထပ်မတွေ့ပါရစေနဲ့။ အတွေးလေး (ပြင်ဦးလွင်)