အဇဋာJune 26, 20121min27512
သတင်းလောကနဲ့ နည်းနည်းအလှမ်းဝေးတဲ့ သူတွေက သတင်းထောက်တွေကို မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် ဘယ်လိုသိတာလဲ တဲ့။ ကိစ္စတော်တော်များများကို တကယ်လုပ်တဲ့သူတွေ၊ ခံရတဲ့သူတွေထက် သတင်းထောက်တွေက ပိုပြီးစောစောရောက်တတ်ကြတယ်၊ စောစောသိတတ်ကြတယ် တဲ့။ ဘယ်လိုလုပ်ပြီး အဲဒီလိုသိတာလဲ လို့မေးပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ တော်တော်ဖြေရခက်တဲ့မေးခွန်းပါ။ ကျွန်တော့်ကို အဲဒီလိုလာမေးတိုင်း ကျွန်တော်ဖြေလိုက်ရင် ကိုးယိုးကားယားတွေချည်းပါပဲ။ ဒါပေမယ့် ကျွန်တော်နားလည်သလိုတော့ ပြန်ပြောပြလေ့ရှိပါတယ်။ ကျွန်တော်တို့ သတင်းထောက်တွေ ပွဲတစ်ပွဲ၊ ဒါမှ မဟုတ် လူသတ်မှုတစ်ခု၊ ဒါမှမဟုတ် ဆန္ဒပြမှုတစ်ခု ကို သတင်းယူဖို့ဆိုရင် သတင်းထောက်တော်တော်များများဟာ သိကြပြီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒပြမယ်၊ ဒါမှမဟုတ် ပွဲလုပ်မယ်ဆိုရင် နိုင်ငံရေးသမားတွေ၊ ကုမ္ပဏီတွေကနေ ကျွန်တော်တို့ကို ဖိတ်ပါတယ်။ လူသတ်မှုဆိုရင်လည်း သတင်းထောက်တော့ထားပါ။ သာမန်လူတွေတောင် သိနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရောက်သွားပြီဆိုပါစို့။ […]


အဇဋာJune 25, 20121min23014
သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ ဆိုပြီး နာမည်သာတပ်လိုက်ရတယ်။ ဒီလို နာမည်မျိုးက ဝါရင့်သတင်းစာဆရာကြီးတွေ သူတို့အတွေ့အကြုံတွေအကြောင်းရေးရာမှာ တပ်လေ့ရှိတဲ့ ခေါင်းစဉ်မျိုး။ ကျွန်တော်က ခုမှ သတင်းသမားပေါက်စမျှသာ။ ဒါပေမယ့် ခေါင်းစဉ်တပ်မယ့် နာမည်ရှာလိုက်တော့လည်း မတွေ့တာနဲ့ ဒီနာမည်ပဲ တပ်လိုက်ရတော့တယ်။ သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ ဆိုတော့ နေ့စဉ်မှတ်တမ်းပဲရေးရမလား စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် မဖြစ်ဘူး။ နေ့စဉ်မှတ်တမ်းထဲမှာက သူ့ကို သွားကြိုတာတွေ၊ အစ်မဝမ်းခွဲဆေးရုံတက်တာတွေ၊ ဦးလေးအရက်မူးလို့ ရပ်ကွက်နဲ့ရန်ဖြစ်တဲ့အကြောင်းတွေနဲ့ အစုံသုပ်ဖြစ်နေတယ်။ ဒါကြောင့် သတင်းနဲ့ဆိုင်တဲ့၊ သတင်းလိုက်ရင်းဖြစ်တဲ့အတွေ့အကြုံတွေပဲ ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်သတင်းထောက် စဖြစ်တော့ ပထမဆုံးကြုံရတဲ့ဒုက္ခက နာမည်ကိစ္စပါ။ ကျွန်တော့်မွေးရပ်က လူတွေ ရန်ကုန်ကိုလာရင် သူတို့ကမေးပါတယ်။ ဟေ့ကောင် မင်းဘာလုပ်နေလဲ လို့ ကျွန်တော့်ကို မေးရင် ကျွန်တော်က သတင်းထောက်လုပ်နေတယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ […]