Mg OggaMarch 27, 20111min53
ကချင်ပြည်နယ် ကို လေ့လာရေးခရီးသွားဖို့ ကျွန်တော်ပါဝင်ခွင့် ရလိုက်တော့ ပျော်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကချင်ပြည်ကို တစ်ခေါက်ရောက်ဖူးခဲ့တယ်။ အဲဒီအချိန်တုန်းက အလုပ်ကိစ္စနဲ့ MMRD က ဝန်ထမ်းတွေနဲ့ ကိုညီလင်းဆက်၊ ကိုယောသားတို့နဲ့ အတူသွားခဲ့ ဖူးတယ်။ အခုတစ်ခေါက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ် ကွန်ရက် အစီစဉ်နဲ့ ဒေသအသီးသီးက အခြေခံ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို သွားရောက်လေ့လာအတုယူပြီ်း ကိုယ့်ဒေသက ဖွံဖြိုးရေးလုပ်ငန်းတွေမှာ  ပြန်လည် အသုံးချလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ဗုဒ္ဓဘာသာလူငယ်အစီစဉ်ရဲ့ သင်တန်းတာဝန်ခံ ပပ၊ ကရင်ပြည်နယ်က နော်သိန်းသန်းထွေး၊ ဧရာဝတီတိုင်း ဒေးဒရဲက သန့်ထွဋ်ဦး၊ ကယားပြည်နယ် လွိုင်ကော်က နှင်းအိသွယ်၊ ဒီးမော့ဆိုက ကြည်သာဝင်း၊ ဖယ်ခုံက […]