thit minDecember 20, 20111min21825
ကျနော် ပထမနှစ်ကို ဆေးရုံတက်နေရလို့ တက္ကသိုလ်ဆေးရုံမှာ ဖြေခဲ့ရတယ်။ ကျနော် ရှေ့က တယောက်က ဂေါက်သီး ကောင်မလေး။ သူယူထားတဲ့ဘာသာတွဲက ဆိုက်ကော်လော်ဂျီ (ပြီးရော ဟဲဟဲ)။ ဆေးရုံစာမေးပွဲဆိုတော့ ကျောင်းကဆရာ/မ တွေလဲ စောင့်သလို၊ နာ့စ်နဲ့ဆရာဝန် ၂ ယောက်က လဲအသင့်ဗျ။ ဖြေနေရင်း မထိုင်နိုင်တော့ဘူး၊ လှဲပြီးဖြေချင်တယ်ဆိုလည်း၊ ကုတင်ရှိတယ်။ ဆေးသွင်းရမဲ့သူဆိုရင်လည်း ဆေးသွင်းရင်းဖြေပေါ့။ ဆိုလိုတာက စာအုပ်ကြည့်ပြီးဖြေလို့မရ၊ အဲ ခိုးလို့မရတာကလွဲရင် ဘာမဆိုရတယ်။ ရေသောက်ချင်လား ပြေးယူပေးမယ်။ ဗိုက်ဆာလား၊ စားလို့ရတယ်။ ဟောလစ် သောက်ပြီး၊ ကိတ်လေးတကိုက် ကိုက်လိုက် ဖြေရတဲ့ စာမေးပွဲမျိုး ကြုံဘူးစေချင်တယ်။ ဖြစ်ချင်တော့ ကျနော့တို့အထဲမှာ နိုင်ငံတော်ကောင်စီဝင်နဲ့ ပါတီဗဟိုကော်မတီဝင် ဆိုလားအဲဒီ လူကြီးကြီး တယောက်ရဲ့ သား ပါတယ်။ နောက်တော့အားလုံးသူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့နော်။ […]


thit minSeptember 29, 20111min30419
လူမှုရေးနယ်ပယ်တွင်လိုက်လျှောညီထွေပေါင်းသင်းပြီး၊ အလိုက်အထိုက်နေလေ့ရှိသောကျနော်သည်လူမှုရေးကောင်းသည်ဟူ ပြောရန်မဝံ့ရဲသော်လည်းလူမှုရေးညံ့သူမဟုတ်သည်ကိုတော့ရဲဝံ့စွာအာမခံနိုင်ပါသည်။ သို့သော် ကျနော် “ကြောင်မှုရေး”တွင်ကားလွန်စွာညံ့ကြောင်းဝန်ခံရပေမည်။ နားရှုပ်သွားပါသလား? ရှင်းပါမည်။ လူ့လောကအသိုင်းအဝိုင်းတွင်ကိုယ်နဲ့အယူအဆမတူသူများနှင့်ပြောဆိုငြင်းခုံကြရသည်မှာသဘာဝပင်ဖြစ်သည်။ ဘွဲ့လွန်သင်တန်းများ၏ဆီမီနာများ၊ (Academic meeting)အကယ်ဒမစ်မီတင်များ၊ ရှေ့နေများ၏အချေအတင်ပြောဆိုငြင်းခုန် ဆွေးနွေးကြသည်မှာရန်ဖြစ်တော့မည်ထင်ရလောက်အောင်ဖြစ်တာမျိုးပင်ရှိသည် လွှတ်တော်အစည်းအဝေးများတွင်ထရိုက်ကြ ထထိုးကြ၍ပွဲဆူကုန်သည်မျိုးလည်းသတင်းများတွင်တွေ့ဘူးသည်။ အစည်းအဝေးခန်းများတွင်ဘဲဥပုံဒါမှမဟုတ်လေးထောင့်စပ်စပ်စားပွဲများခင်းထားရခြင်းမှာတယောက်နှင့် တယောက်ထမဌိုးနိုင်ရန်ဖြစ်သည်ဟုဆရာမောင်စူးစမ်း၏ စာတပုဒ်တွင်ဖတ်ဖူးသည်။ မည်သို့ပင်ဆိုစေကာမှုလူအချင်းချင်းဖြစ်၍အယူအဆမတူငြင်းခုန်မှုလောက်နဲ့တော့အခင်မင်မပျက်နေနိုင်ကြပါသည်။ အငြိုးအတေးအာဃာတရှိသည်ဆိုဦးတော့မိမိကိုယ်တိုင်ဝန်ချတောင်းပန်မှုဒါမှမဟုတ်ကြားဝင်ဖြန်ဖြေပေးမှုနှင့်ပြေလည်သွားနိုင်ပါသည်။ ကျနော့မှာကား အကြောင်းတိုက်ဆိုင်၍နိုင်ငံရပ်ခြားသို့ရောက်ခဲ့ရသည်။ စရောက်ခါစဖြစ်သဖြင့်အားလပ်ချိန်မျကြည်(TV) ကြည့်သည်ကများသည်။ တနေ့(TV)အစီအစဉ်တခုမှကြောင်လေကြောင်လွင့်များအ ကြောင်းပြသည်။ (Narrator)သတင်းနောက်ခံပြောသူကလဲအပြောကောင်းလှသည်။ ဤနိုင်ငံတွင်ကြောင်လေကြောင်လွင့်တသိန်း ခွဲခန့်ရှိမည်ဟုခန့်မှန်းကြောင်းဆိုပါသည်။ သူတို့၏နေထိုင်သွားလာပုံကိုတင်ပြသောမှတ်တမ်းရုပ်ရှင်ကိုပြပါသည်။ ဘော့စ်ဟု (Narrator)ကနာမည်ပေးထားသောကြောင်လေကြောင်လွင့်တကောင်၏နယ်မြေသတ်မှတ်ပိုင်ဆိုင်ပုံ၊ မယားယူထားပုံ၊ ကြောင်တို့၏ အသက်၁၅နှစ်ဆိုသည်မှာလူသားတို့၏အသက်၆၀ ကျော်အရွယ်နှင့်အတူတူဟုယူဆနိုင်ပုံ၊ စသဖြင့်စိတ်ဝင်စားစရာကောင်းလှသည်။ ဤသို့နှင့်သထိထားကြည့်မိတော့မိမိနေသောအိမ်နားတွင်လည်းကြောင်လေကြောင်လွင့်များစွာရှိကြောင်းတွေ့ရသည်။ တပတ်နှစ်ကြိမ်အမှိုက်သိမ်းစံနစ်အရတညကြိုပစ်ထားကြသောအမှိုက်ကန်လေးထဲမှ အမှိုက်တို့ကိုမွှေနှောက်ရှာဖွေစားသောက်နေ ကြသောကြောင်အများအပြားတွေ့ရသဖြင့်စိတ်တွင်အကြံတခုဖြစ်မိသည်။ စူပါမားကက်များတွင်ကြောင်စာအိတ်များတွေ့ဖူးသည်။ အဲဒါဝယ်ကြွေးရလျှင်သူတို့လဲစားရမည်၊ အမှိုက်တွေလဲမပွနိုင်တော့ဟုစဉ်းစားမိသည်။ သို့နှင့်မိမိနေသောအခန်းက၂ ထပ်၏ကော်ရစ်ဒါထောင့် ဆုံးဖြစ်နေ၍အဆင်ပြေစွာပင်ကြောင်စာခွက်၊ ရေခွက်များချပြီးမနက်တကြိမ်၊ ညအိမ်ပြန်လာချိန်တကြိမ်အစာထဲ့ရေထဲ့ကြွေးဖြစ်တော့သည်။ ဤအိမ်တွင်(၁၂) နှစ်ကျော်နေခဲ့သဖြင့် ၁၂ နှစ် ဤအလှူခံပုဂ္ဂိုလ်တို့အားဒါနပြုခဲ့သည်။ ကြောင်များအားလုံးလာစားပုံရပါသည်။ […]