manawphyulayJuly 9, 20112min1032
ခုတစ်လော လူတွေကို အင်တာဗျူးရတာ အတော်စိတ်ဝင်စားနေတဲ့ မနောတစ်ယောက် နေပြည်တော် ခဏလေးသွားတော့လည်း ပလောင်တွေရဲ့ ဘဝနေနည်း၊ ဘယ်အသက်မှာ လည်ပင်းကွင်းတွေစွတ်ရတာလဲ။ ဘယ်ချိန်မှာ ရပ်လဲ။ ဘယ်အသက်ပိုင်းခြားလိုက် ဘယ်လိုနေမှုထိုင်မှုတွေလုပ်သလဲနဲ့ သွားရောက်စပ်စုမိပြီးသကာလ…. နောက်ထပ် စပ်စုမိတာကတော့ သင်္ဘောပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းနေလဲဆိုပြီး ခင်မင်ရတဲ့ သင်္ဘောသားတစ်ယောက်ကို ခုလက်ရှိအခြအနေလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။ သိရပြန်တော့ သူတို့ရဲ့ဘဝက တကယ့်ကို ပင်လယ်နဲ့ အမြဲရင်ဆိုင်နေရပြီး အသက်ကို အပ်နှံထားရပါလားလို့ ခံစားမိပါတယ်။ အရင်တုန်းကတော့ သင်္ဘောသားတွေ ကမ်းပေါ်နားပြီ ဆိုရင် ဟိုယောင်ယောင်ဒီယောင်ယောင် လျှောက်သွားနေလို့ ပြောခဲ့သေးတာပဲ။ နောက်တော့မှ သူတို့ရဲ့ဘဝကဟာ ပင်လယ်ပြင်မှာ ဘဝမျိုးစုံ ကျင်လည်ခဲ့ရတာပါလားလို့ သိလာရတယ်။ ခုလည်း မနေ့က သူတို့ရဲ့သင်္ဘောပေါ် အတွေ့အကြုံလေးကို မေးမြန်းခဲ့တာလေးကို တင်ပြလိုက်ပါတယ်။ စကားစမြည် သင်္ဘောပေါ်မှာ […]