cobraOctober 22, 20101min726
လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။ “၂၀၁ဝ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။ အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ […]