WowDecember 16, 20131min36427
အဟမ်း… အဟမ်း… အရင်က တင်ခဲ့ဖူးတဲ့ အနော်တို့ရွာထဲက ဆယ်ဗျစ်တီများ အကြောင်းဆက်ရရင်… ကိုယ့်ပေါင်ကိုယ်အရင် ထောင်းပါမယ်… မွ… မွ… ကန္နားစီးဂီ ခေါ် မိဂီ ခေါ် … ခေါ်ချင်ရာခေါ်ကို ခုလတ်တလော သူ့လိုဂိုအရ ဒေါင်းကားယားဂီလို့ နာမယ်ဖျက်ထား အဲလေ ချစ်စနိုးနာမယ်ပေးထားပေမဲ့… အရာရာ အိုးနင်းခွက်နင်း ကို့ယို့ကားယား လုပ်သမျှ အစတထောင်းထောင်းထားခဲ့တတ်တာ အနော်ပါ… မန်းဂေဇက်မှာတင် ဟုတ်မိဟုတ်ရက် နောက်ဆက်တွဲ… မျှော်ပါ.. ဘယ်ပုံရေးပါမည် ဆိုပြီးတန်းလန်းထားခဲ့တဲ့ စာတွေက အနော်ရေးတာရဲ့ တစ်ဝက်လောက်ရှိပါတယ်။ မွေးသန္ဒေ သေခါမှဖျောက် ဆိုသလို… ငယ်ငယ်ထဲက ဖွားအေက ညီးအေ.. အဝတ်တွေက ဟိုတထည် ဒီတထည် ထမီတွေက ကွင်းလိုက် ဟိုနေရာ ကော်ဖီပန်းကန် ဒီနေရာ မုန့်စားခွက် တန်းလန်း … […]


WowOctober 28, 20131min49133
ဒါကတော့ရွာမိတ်ဆက်ပါ… ရွာသူားသစ်လေးများလဲရှိ …. ရွာကိုတစ်ကျော့ပြန်လာတဲ့ ကိုကိုမမများလဲရှိတော့ … ရွာ့သက်ကြီးဝါကြီးများကိုတော့ နွားရှေ့ထွန်ကျူးတယ် မထင်ပါနဲ့ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို မိကျောင်းမင်းရေခင်းပြရမှာဖြင့်ရင် တရွာမပြောင်းသူကောင်းမဖြစ်ဆိုပေမဲ့ သေချင်တဲ့ကျားတောပြောင်း ဆိုတာက ရှိသေးတော့ မပြောမပီး မတီးမမြည်ဆိုသလို (ဟဲ့… မိဗုံဒီနားလာ.. ) တိတ်တိတ်နေ ထောင်တန်ဆိုတာကလဲ ရှိသေးတော့ အဖိုးသေရင် မြေးပျော်ဆိုသလို… တာမီးကလဲ မုန့်ဟင်းခါးကြိုက်တော့… ဟယ်.. ရေးရင်းနဲ့ ကွကိုယ် ရေဝေးနားရောက်လာမှန်းတောင် မသိလိုက်ဝူး… ခွေးလွှတ်ကြပါ… အဦးဆုံးကတော့ ရွာသူကြီးပေါ့နော်…. သူကတော့ ရှားပါးအကောင်လေးတွေမွေးမြူတာ ဝါသနာပါတော့ ဒေါင်းမွေးထားပြီး ဥဥထဲက အိုက်နားက မခွာပါဝူး…. ဒေါင်းဥခန့်မျှ… အိမွမွဆိုပြီး မျက်လုံးကြီးတွေတဝင်းဝင်းနဲ့… ရပ်ရေးရွာရေး အားတက်နေပုံများနှယ် မြင်ယုံနဲ့ အကြည်ညိုပျက်… အဲလေ.. ကြည်ညိုလောက်တယ်.. ဒဂျီး.. အိုက် ဒေါင်းဥနားပဲ […]