moonpoemJune 17, 20141min17513
လကမာ္ဘသို ့သွားရန် မွန်းပိုအမ်တို ့သူငယ်ချင်းများ ကြိုးစားပြီး ငွေရှာနေကြသည်။မိဘများ ပိုက်ဆံအိတ်ထဲတွင် လည်းကောင်း၊ ဦးလေးများ ပိုက်ဆံအိတ်ထဲတွင်လည်းကောင်း ကြိုးစားပမ်းစား ရှာဖွေခြင်း ဖြစ်ပြီး အိမ်တိုင်းတွင် အပေါဆုံးက ပိုက်ဆံဖြစ်လေရာ တစ်ပတ်အတွင်းတွင်ပင် လကမ္ဘာသွားရန် ငွေပြည့်ပြီ ဖြစ်လေသည်။ လကမ ္ဘာတွင် နေထိုင်စဉ် လိုအပ်မည့် ပစ္စည်းတစ်ခုသာ ယူခွင့်ပြုလေရာ သူငယ်ချင်းတစ်ယောက်က နေ ့တိုင်း ဖေ့ဘွတ်တွင်ဓာတ်ပုံရိုက်ပြီး တင်နိုင်ရန် လေထဲတွင်ဝဲပျံနိုင်သည့် ကင်မရာ၊ နောက်တစ်ယောက်က လကမ္ဘာရှိ ဂြိုလ်အစားအစာများကို မကြိုက်ပါက အစာပြေစားနိုင်ရန် ပဲကြီးလှော်နှင့် မွန်းပိုအမ်က နေ ့တိုင်း စာရေးနိုင်ရန် ဒေါ်လာ၁.၅ဘီလီယံတန်ဖောင်တိန်တစ်ချောင်းကို ယူသွားကြမည်ဟု ဆုံးဖြတ်ထားကြသည်။ လကမ္ဘာသွားမည့် သတင်းကို သိကြသည့် သူငယ်ချင်းများကလည်း ရေချိုးချိန် ချေးတွန်းရန် ကျောက်ခဲကောက်ခိုင်းသူများ၊ ကျွန်ုပ်အစ်မ အပါအဝင်၊သူငယ်ချင်းအပျိုကြီးများ […]