““ဝါဆို၊ဝါခေါင်ရေ ဖောင်ဖောင်”” ဆိုသလိုပင် မိုးကလဲအထူးကောင်းလှပေသည်။ သံတွဲမြို  ့မြေနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေကြလေပြီ။မိုးတွင်းရောက်လာပါလျှင်  မြစ်ရေကြီးမှာကို အထူးစိုးရိမ်ကြရပါသည်။     ယနေ ့အတွက် အထူးထွေထွေထူးပြောစရာလိုမည်မထင်ပေ။Gregorian Calendar အရ ဩဂုတ်လ(၂)ရက်၊ဝါဆို လပြည့်နေ ့အခါသမပင်ဖြစ်ပါသည်။မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို ့အဖို ့ဝယ် ““သန္ဓေတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိကာ”ဆိုသည့် အတိုင်း ဂေါတမဘုရားသည် -ပဋိသန္ဓေယူတော်မူခြင်း -တောထွက်ခြင်း -ပဉ္စဝဂ္ဂီ(၅)ဦးအား ဓမ္မစကြာတရားဦး မြွက်ကြားခြင်း -တိတ္တိတို ့အား တန်ခိုးပြာဋိကာ ပြတော်မူခြင်း. စသည်တိုကိုပြုမူခဲ့သောအခါသမယ လဲဖြစ်သည်။    ဝါတွင်းကာလရောက်ပြီဆိုလျှင် ဆွမ်းလောင်းအသင်းများ တက်ကြွစွာ အလုပ်လုပ် ကြပုံ၊ဝါဆို သင်္ကန်းဆပ်ကပ်လှူဒါန်းကြတာ ကိုနေရာအနှံအားရဖွယ် တွေ ့မြင်နေရပါ တယ်။    ဝါဆိုလ၏ ထူးခြားချက်မှာ ယနေ ့ချိန်ခါတွင် ကျနော်တို ့မြို  ့ပေါ်တွင်မကြားဖူးသော ဝါဆိုပန်းခူးခြင်းဖြစ်ပါသည်။ရိုးရာဓလေ့ အဖြစ် မော်လမြိုင်ဖက်တို ့၊ကျနော်တို ့မြို  ့က အတော့်သင့်သွားရသော ဂွမြို. ့နယ်အပိုင် ကျေးရွာတို ့တွင် အထူးစည်ကား […]