Khaing KhaingNovember 23, 20121min58178
တစ်နေ့က ရုံးက အပျိုကြီးတွေကို ကျီစယ်ပြီး ပြောမိတဲ့စကားလေးကို ရွာထဲအပျော်သဘောနဲ့ တင်မိပါတယ် ………   အပျိုကြီးတွေက သူတို့အပျိုကြီးဖြစ်တာ အပူမရှာချင်လို့  …မယူချင်လို့ ဆိုတဲ့ စကားလေးတွေနဲ့ အိမ်ထောင်သည်တွေကို အနိုင်ချေပတတ်ကြပါတယ် ……… ဒါနဲ့ ကျွန်မလည်း ကိုယ်စဉ်းစားမိသလောက်နဲ့ သူတို့ကို ပြန်ချေပမိတာက အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှုရှိလို့လို ခံယူမိတယ် ….မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ စဉ်းစားတတ်ကြသလို …. စံတွေသတ်မှတ်ကြသလို ………. ယောက်ျားတစ်ယောက်ကလည်း မိမိချစ်သူမိန်းကလေးကိုပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ကိုပဲဖြစ်ဖြစ် ဘဝတစ်လျှောက်လုံး လက်တွဲဖို့ အကြောင်းအမျိုးမျိုးတွေထည့်စဉ်းစားတတ်ကြတယ် … ပညာတတ်မိန်းမကို လိုချင်တဲ့ အမျိုးသားက ပညာတတ်မိန်းမကို ချဉ်းကပ်ကြသလို … ချောလှတာကို မက်မောတဲ့ အမျိုးသားတွေက မိန်းမချောတွေကို ချဉ်းကပ်တတ်ကြတယ် …. အေးအေးဆေးဆေးနေချင်တဲ့ အမျိုးသားတွေက […]