စေနOctober 21, 20101min1408
အပျော်ရွှင်စေဆုံး စကားတစ်ခွန်း တီဗီအသံလွှင့်ဌာနတစ်ခုက အစီအစဉ်လေးတစ်ခု ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ “အပျော်ရွှင်စေဆုံးစကားတစ်ခွန်း” တောင်းဆိုတဲ့ အစီအစဉ်ဖြစ်တယ်။ ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ ပလူပျံခဲ့တယ်။ စာတွေအများကြီးထဲမှာ နောက်ဆုံး “နင်အိပ်နေ.. ငါထမယ်” ဆိုတဲ့ စကားတစ်ခွန်းက ပထမရသွားခဲ့တယ်။ “နင်အိပ်နေ.. ငါထမယ်” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။ ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့် မိန်းမဖြစ်သူက အိမ်မူူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ခဲ့တယ်။ ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။ အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။ ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား […]