ဆူးFebruary 13, 20112min20112
ပုခက်ပေါ်မှာ စက်တော် ခေါ်နေချိန် ဇိမ်ကျနေခိုက်ပေါ့ကွယ်။ ပိန်ညှောင်ညှောင် အစာရေစာ ပြတ်ပြီး အားအင်ချိနဲ့ နေတဲ့ ကြောင်တကောင်က အားကျပြီး စိုက်ကြည့်နေသတဲ့ ကွယ်။ မင်းက ဘာကောင်လဲ ဟားဟား ဟားဟား.. ပိန်ညှောင်ရိုး မင်း ဒီနယ်မြေ ကြည့်တောင် မကြည့်နဲ့ သေသွားမယ် ဘာမှတ်နေလဲ။ ပိတ်ကန်လိုက်မယ် ဘာမှတ်နေလဲ ကြောင်သိုင်း ဟန်ရေးပြခဲ့သည်။ ဟယ် ကိုကိုကြောင်ကြီး ဟန်ရေးပြခြေထောက် ကန်ပြတာ ဘောင်းဘီလည်း မပါဘူး ကြည့်ရဲဘူး စောင်အောက်က ချောင်းကြည့်တာ သူမသိလောက်ပါဘူး။ ခွီးခွီး.. ခွီးခွီး..ဂါဂါဂါဂါ…. မလုပ်ပါနဲ့ ဗျာ ကြောက်ပါတယ် အဆင်းအရောင် မွဲလို့ မကြည်ဖြူကြဘဲ နေရာတကာ နိပ်ကွပ်ခံနေရတာပါ။ ဒီလိုဆိုတော့ နေဖို့ သတ္တိမရှိပါဘူး ထွက်သွားပါ့မယ်။ မင်းငါ့မျက်လုံးကို သေချာ ကြည့်စမ်း။ […]