ခင္ခJune 18, 20131min14511
“ပိုစ့်အိမ်တွေမှာ ခရမ်းရောင်မီးလေးတွေ စီကာရီကာထွန်းထားတဲ့ရွာဟာ´´   ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက P3 Restaurant ဆိုင်မှာ လူငယ် လူရွယ် လူကြီး အမျိုးသား အမျိုးသမီး စုံလင်စွာ ဝင်လာမစဲတသဲသဲဖြစ်ကာ စုရုံးစုရုံးဖြစ်နေကြပါတယ်။ ဆန္ဒပြဖို့ သပိတ်မှောက်ဖို့ လူစုလူဝေးလုပ်နေ ကြတယ်လို့မထင်ပါနဲ့ အင်တာနက်ဝက်ဆိုဒ်လောကမှာ ကျော်ကြားမော်ကြွားလောက်တဲ့ မန္တလေးဂဇက်၏ ရွာသူရွာသားတွေ ဒုတိယအကြိမ် စာပေဆုပေးပွဲနဲ့ တွေ့ဆုံပွဲအတွက် မန်ဘာဝင်တွေရောက်ရှိ စုရုံးနေကြတာပါ။ အဲဒီထဲမှာ ခင်ခ တစ်ယောက်လည်း အပါအဝင် ဒီတခေါက်တော့တက်ရောက်ခဲ့တာပေါ့။ အဲလိုနဲ့ အခမ်းအနား အစီအစဉ်တွေစခဲ့ပြီး စင်ပေါ်ကိုတစ်ယောက်ပြီးတစ်ယောက် မန်ဘာတွေ မိမိကိုယ် မိမိ မိတ်ဆက် ပြောချင်တဲ့ နုတ်ခွန်းဆက်စကားပြောကြရတာပေါ့၊ ခင်ခ အလှည့်ရောက်ပြီမို့ ခင်ခလည်း မိုက်ကလေးကိုင် မိမိကိုယ်မိမိ ဘယ်လိုမိတ်ဆက်ကာနုတ်ခွန်းဆက် စကား ဘယ်လိုပြောရမလဲ စဉ်းစားမရတာနဲ့ အခုလိုဘဲ […]