စစ်ကိုင်းမြို ့နယ် ရွာသစ်ကြီးအနီးရှိ လယ်ကြီးရွာမြောက်ပိုင်းနေ အမျိုးသမီးကြီးမှ ၎င်းနှင့် ၎င်းသမီးဖြစ်သူ မှတ်ပုံတင်သက်တမ်းတို းရန် ယခင်ပုံစံ(၁၀)ပေါက်ရာ မန္တလေးမြို ့အရှေ ့တောင်ရုံးခေါ် ဘုရားကြီးအရှေ ့ဘက်ရှိ လဝကရုံးသို ့သွားရာ အဆိုပါရုံးမှ ဝန်ထမ်း(အမျိုးသား-လူမြင်မှတ်မိ)မှမိတ္တူကူးခ ၁၅၀ဝကျပ်ဆိုပြီးတောင်းကြောင်း ၂၀၀ဝကျပ်ပေးရာ ခင်ဗျားတို ့ကဒါတောင်နားမလည်ဘူးလား လ္ဘက်ရည်ဖိုးပေးဦးဆို၍ ၃၀၀ဝကျပ်ပေးခဲ ့ရကြောင်း၊နောက်ထပ်ရုံးအချင်းချင်း ဖုန်းဆက်ခဆို၍ ၅၀၀ဝကျပ်တောင်းရာ မပါသဖြင့် အမျိုးမျိုးရစ်၍ တစ်ခါတည်းပြီးအောင် လုပ်မပေးလိုက်ရုံမက စစ်ကိုင်းရုံးလွှဲစာတွင်လည်း မှတ်ပုံတင်နံပါတ်များလွဲရေးပေးလိုက်ကြောင်း၊ငွေကုန် အချိန်ကုန် လူပန်းနှင့် ဘာမှမပြီးခဲ ့ကြောင်း၊ဆယ်တန်းအောင်သမီးကို မှတ်ပုံတင်လုပ်ပေးချင်၍ ရွာတွင်လာလုပ်ပေးသည်ဆိုတုန်းကလည်း ပိုက်ဆံမပေးသည်နှင့် အဝေးတစ်နေရာတွင်ကွယ်လွန်တာကြာပြီ ဖြစ်သောခင်ပွန်းမှတ်ပုံတင်တောင်းလိုတောင်းနှင့်ရွာလူကြီးကထောက်ခံပါတယ်ဆိုတာတောင်လုပ်မပေးပဲ ရုံးလာရန်သာပြောသွားကြောင်း၊သမီးအထက်ကသားအတွက် အချိန်မရသဖြင် ့ရုံးသွားပြီး တောင်းသလောက်ပေးလိုက်ရာ ဘာမှမတောင်းပဲ ဖောင်ဖြည့်ပေးရုံနှင့် နောက်နေ ့မှတ်ပုံတင်ရကြောင်း၊ယခုနိုင်ငံတော် အဆင့်လုပ်ပေးနေသည်ဆို၍ အားကိုးမိပါမှ ငွေမပေးနိုင်၍ဒုက္ခရောက်နေရကြောင်း၊ကိုယ့်မြန်မာအချင်းချင်း ဒီလိုလုပ်ကြမည်ဟု […]