ဦးသုAugust 14, 20131min2248
ဤလောကအတွင်း ရှိရှိသမျှသတ္တဝါအပေါင်းတို့သည်ကား ဘဝအဆက်ဆက်၌ မိဘတို့အား မခွဲချင်ပဲ ခွဲခဲ့ရဖူးပြီ၊ သားသမီးတို့အားမခွဲချင်ပဲခွဲခဲ့ရဖူးပြီ၊ မည်သည့်အရာကိုမဆို မစွန့်လွှတ်ချင်ပဲစွန့်လွှတ်ခဲ့ရဖူးပြီ။ အသည်းဆောင်သို့ အဖေပြောင်းရမည့် ကိစ္စတွင် ရိုးရိုးသာမာန်သာထင်ခဲ့သည်။အသည်းဆောင်သည် ရန်ကုန်ဆေးရုံကြီး နှင့် ဟိုဘက်မျက်နှာချင်းဆိုင် ဦးနှောက်အာရုံကြောဘေးမှအဆောင်ဖြစ်သည်။ အသည်းရောဂါသည် အမျိုးသားများအတွက်အခန်းတွင် ကုတင် ၁၅ လုံးခန့်လောက်တော့ရှိသည်။ ကျွန်ုပ်အဖေမှာ အသည်းခြောက်၍ ဗိုက်ပူရေဖျဉ်းစွဲ သည်ကလွဲလျှင် ကျန်တာ လူကောင်းအတိုင်းသွားနိုင်လာနိုင်စားနိုင်သောက်နိုင် ဒါပေမယ့် ကိုယ်ဝန်အရင့်အမာ သည်လိုခါးကြီးထောက်ဗိုက်ကြီးကော့ပြီး လမ်းလျှောက်နေရသည်ကလွဲလို့။ အဖေသည် အသည်းရောင်အသားဝါ C ပိုးကြောင့် အသည်းခြောက်ခြင်းဖြစ်သည်။ အဖေအရက်သောက်သည်မူးလာသည်ကို ကျွန်တော်မမြင်ဘူး မတွေ့ဘူး။ သို့သော် ဘီယာတော့သောက်သည် သူဌေးအနှင့်အတူ ဆိုင်သို့ပါသွားသည့်အခါမျိုး သို့သော် ကျွန်တော်အဖေရေချိန်ကျွန်တော်သိ၏ သုံးခွက်ထက်မပို နှစ်ခွက်ဆိုတော်တော်ကောင်းပြီး သုံးခွက်ဆို တော်တော်မူး တော်တော်လဲအာရွှင်၏။ (ကျွန်တော်လစ်မစ်နှင့်ဆို  အဖေနှင့်သား ၅ဆတစ်ဆ ကွာ၏- […]