အသက်အရွယ်ရလာပြီဖြစ်တဲ ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေါ် အမေစု အတွက် အသက်ရှည်စွာ အနာမဲ ့ရေးဂရုစိုက်ကြဖို ့ အထူလိုအပ်ပါတယ်။ကျန်းမာရေးလို သဘာဝ ဇရာ၊ဗျာတိ၊မရဏ တရားတွေအပြင် သဘာဝမဟုတ်တဲ ့ပြင်ပ အန္တရာယ်တွေပါ ဂရုစိုက်သင့်ပါတယ်။အပင်မြင့်လေ လေကြမ်းတိုက်ခံရလေ ဆိုတာ ဗိုလ်ချုပ် နဲ ့တကွ ကမာ္ဘ ့ခေါင်ဆောင်များက သက်သေပါ။ အမေစုမှာ ယခုထိ ကျွမ်းကျင်တဲ ့သတ်သတ်မှတ်မှတ် သက်တော်စောင့် လုံခြုံရေးမရှိပါ။အမေ့ကို ဘယ်လောက်ပဲချစ်ချစ် အသက်စွန် ့ကာကွယ်ပါ ့မယ်ပြောပြော တကယ့်အရေးကြံ ုလာရင် အမေစုရဲ ့အန္တ ရာယ်မှန်သမျှ ရင်ဆိုင်ကာကွယ်ပေးဖို ့ ကျွမ်းကျင်သူတွေ လိုအပ်နေပါပြီ။


ရန်ကုန်၊ ဧပြီ ၃၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။ “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။ […]