etoneJuly 21, 20101min764
အမေ တကယ်ကို အိုစာသွားခဲ့ပါပြီ.. ကလေးငယ်တစ်ယောက်လို ချွဲနွဲ့တဲ့အထိ အိုစာသွားခဲ့ပါတယ်။ ဖုန်းဆက်တိုင်း မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မကို အမေမေးတတ်တယ်။ “သမီး .. ဘယ်တော့ အိမ်ပြန်ခဲ့မလဲ?” မိုင်ပေါင်းထောင်ကျော်ဝေးတဲ့အမေ့အိမ်ကို ကားသုံးဆင့်စီးပြီးမှ ရောက်တာကိုမဆိုထားနဲ့ အလုပ်တစ်ဘက်၊ ကလေးတစ်ဘက်နဲ့ အမေ့အိမ်ပြန်ဖို့ ကျွန်မအချိန်မပေးနိုင်ခဲ့ဘူး။ နားသိပ်မကောင်းတော့တဲ့အမေကို ကျွန်မအထပ်ထပ်ရှင်းပြခဲ့ပေမယ့် အမေက တောင့်တစွာနဲ့မေးတုန်းပါပဲ။ “သမီး … ဘယ်တော့ အိမ်ပြန်နိုင်မလဲဟင်?” အထပ်ထပ်မေးတဲ့ အမေကို စိတ်မရှည်စွာနဲ့ ကျွန်မအော်မိခဲ့ရင် အမေက တအင်း..အင်း သဘောပေါက်ဟန်နဲ့ ဖုန်းကို အသာချလိုက်တတ်တယ်။ ဒါပေမယ့် ရက်သိပ်မကြာခင်မှာ အမေကဖုန်းဆက်ပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ပြန်တယ်။ အလိုမကျတဲ့ ကလေးငယ်တစ်ယောက်လို မေးရင်လည်း အချည်းနှီးပဲဆိုတာသိပေမယ့် ထပ်သလဲလဲ မေးနေတဲ့ အမေကြောင့် ကျွန်မစိတ်တွေပျော့သွားပြီး သက်ပြင်းကို မသိမသာချမိတယ်။ ကျွန်မ မအော်မငေါက်မှန်းသိတော့ […]