minhtettharNovember 30, 20101min520
”အခုတလော အမေရိကန် ဒေါ်လာဈေးက ကျနေတော့ သွင်းကုန်တင်သွင်းတဲ့ သူတွေက တော်တော်များများ တင်သွင်းလာကြတယ်။ ဒေါ်လာဈေးကျတော့ တင်သွင်းရတာ တန်တယ်လေ။ ဒါပေမယ့် ပို့ကုန်သမားတွေကျတော့ ငွေပြန်ဖော်ရတာ မလွယ်တော့ သိပ်မပို့နိုင်ကြဘူး။ အခု အခြေအနေအရတော့ trade imbalance ဖြစ်စေတယ်”ဟု ကုန်တင်သင်္ဘော ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။ ထို့ပြင် ဒေါ်လာဈေး အတက်အကျ၊ အပြောင်းအလဲ ဖြစ်ပေါ်နေမှုများကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်လျှောက်ထားရာတွင် ငွေကြေးအမျိုးအစား ပြောင်းလဲလျှောက်ထားမှုများလည်း ရှိနေကြာင်း၊ လုပ်ငန်းရှင်များ ကိုယ် တိုင် လုပ်ရကိုင်ရ ခက်ခဲသော အခြေအနေများလည်း ရှိနေကြောင်း သိရှိရသည်။ အလားတူပင် ယင်းကဲ့သို့ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေမှုကြောင့် သင်္ဘောခ နှုန်းထားများလည်း လိုက်ပါပြောင်းလဲနေပြီး ခရီးစဉ်တစ်ခုတည်း […]