shwepyiayeNovember 19, 20101min1396
အမေရေ . . . ကျွန်တော် အခုတလော မျက်ရည်တွေ ခဏခဏ ဝဲမိတယ် အမေ။ အဖွား ဆုံးတုန်းကတောင်မှ မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ဆိုင်ကယ်မှောက် ၊ ရန်ဖြစ် နဖူးကွဲ ဒူးပြဲ ဖူးယောင် အဲဒီလို နာကျင် ခံစားရတုန်းကလည်း မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ရည်ရွယ်ချက်တွေ တစ်ခုလုံး ပျက်ဆီးပြီး ဘဝလမ်းမှာ ကျွန်တော် ယောင်ဝါးဝါး ဖြစ်နေခဲ့တုန်းကတောင်မှ ကျွန်တော် မျက်ရည်မဝဲခဲ့တဲ့ ကျွန်တော် ၊ အခု ကျွန်တော် ခဏခဏ မျက်ရည်တွေ ဝဲ ဝဲ နေမိတယ် အမေ. . .ကျွန်တော် မျက်ရည် ခဏခဏ ဝဲနေခဲ့ရတာ အမေရဲ့ စကားသံတွေကြောင့်ပါ […]