TTNUNovember 7, 20111min17215
  အမေ့ကို လွမ်းလို့ ကျမ ဒီမှာလာပြီး စာတွေရေးပါတယ်။ ကျမအမေ ၂၀၀၃ ခုနှစ်မှာ ကျမတို့ကို ချန်ထားခဲ့ပြီး ဟိုးအဝေးကြီး…. ကို……….။ အမေ နေမကောင်းဘူး၊ အခြေအနေ သိပ်မကောင်းဘူးလို့ အဝေးရောက်နေတဲ့ ကျမဆီကိုဖုန်းသတင်းရောက်လာတဲ့ အချိန် ကျမ ရပ်နေတဲ့ မြေကြီး ပြိုကျသွားပြီလို့ ကျမခံစားလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျမ ခင်ပွန်းရော သားရော ဆုံးပါးသွားကြပြီမို့လို့ ကျမ အတော်လေး ကြေကွဲ မိုးတိမ်ဖြစ်နေတဲ့ မျောလွင့်ကာလများပေါ့။ အမေ မမာဘူးဆိုတဲ့ သတင်း ဟာ ကျမ အတွက် သိပ်ပြင်းထန်လွန်းတဲ့ ရိုက်ချက်ဖြစ်ခဲ့ရတာပါ။ ကျမလေတစ်ညလုံးကားပေါ်မှာ ကျမ အိပ်လို့လည်းမရ၊ တတွေတွေကျနေတဲ့ မျက်ရည်တွေနဲ့ ၊ အမေ ရေ  ..လို့တမ်းတနေခဲ့မိပါတယ်။ ကျမတို့ မြို ့ […]