black chawNovember 22, 20111min26433
ပြီးခဲ့သည့် တစ်လခန့်က မြန်မာဟာသ ရုပ်ရှင်တစ်ကားကို  ပါရမီစိန်ဂေဟာရှိ ရုပ်ရှင်ရုံတွင် မိသားစု နှင့် အတူ ကြည့်ဖြစ်ပါသည်။ ဇာတ်လမ်း စစခြင်း အဖေလုပ်သူ သေအံ့ဆဲဆဲ  ဘေးမှာ သား နှင့် အမေ တို့က ဝမ်းနည်းနေ ကြသည်ပေါ့ခင်ဗျာ။ ဖအေက သေမှာကို မသေနိုင်သေးပဲ မှာပုံတော် ဖွင့်နေတာကို ဟာသဖြစ်အောင်ရိုက်ပြနေပါသည်။ ယောင်္ကျားသေလို့ မိန်းမငိုတာက “ အသေနောက်ကျလို့ နှမြောလှချည်ရဲ့ “ တဲ့။ ဘာကိုများ နှမြောသည်မသိပါ။ အဖေလုပ်သူ သေလည်းသေရော အမေလုပ်သူ ဖလန်းဖလန်း ဖြစ်ပါတော့သည်။ ရိုင်းရိုင်းပြောရလျှင် အမေဆိုသည့် ဂုဏ်သိက္ခာပင်မထောက်တော့ပဲ လွှတ်နန့်ပါတော့သည်။ သားဖြစ်သူ က လိုက် ထိန်းနေရတာကို ဟာသလုပ်ရိုက်ထားခြင်း ဖြစ်ပါသည်။ ရယ်ရလျှင်ပြီးရော ဘုရားနှင့်တစ်ဂိုဏ်းထဲထားပါသော အမေ ကိုပင် […]