wathenmoeJanuary 21, 20111min941
အမေ့အတွက်ကဗျာ မေမေ ရေ … အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့ မေမေကတော့ လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ … အဲဒီလို… ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့ ဒါပေမယ့်လေ ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည် ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ… မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ် “မေမေရဲ့သားနိုင်တယ်” ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့ အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင် […]