kaiApril 3, 20161min3709111
စီးပွားဖြစ်ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်မပြု 2 April 2016 18:51(+0630) သင်္ကြန်ကို ယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ဖို့အတွက် စီးပွားဖြစ်ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောတာဖြစ်ပါတယ်။ မဏ္ဍပ်တွေကို စိစစ်ကြပ်မတ်ထားတဲ့အတွက် ကမာ္ဘအေးဘုရားလမ်းမှာ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့ မဏ္ဍပ် ၃၀ဝ ကျော်ကို ခွင့်ပြုချက်မပေးထားကြောင်းလည်း ပြောပါတယ်။ သံချပ်စာသားတွေကို စိစစ်မှာမဟုတ်ဘဲ အမုန်းပွားစေတဲ့ စကားလုံးတွေပါခဲ့ရင် ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ပန်းသဉ္စာမျိုး က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လာမယ့် သင်္ကြန်ကာလမှာ မဏ္ဍာပ်ဆောက်လုပ်ခွင့် လျှောက်ထားသူတွေကို စည်းကမ်းချက် ၄၄ ချက်နဲ့ […]