မောင်ဆန်းOctober 18, 20111min29621
  ဒီတပတ် voice ဂျာနယ်မှာ “စားအုန်းဆီကို ဆပ်ပြာမှုန့်ရောပြီး ပဲဆီအဖြစ်လိမ်ရောင်း ” ဆိုတဲ့ သတင်းလေး တစ်ပုဒ် ပါလာပါတယ် သတင်းမှာ ပါတာက “ အေးလျှင်ခဲတတ်သော အာနိသင်ရှိသည့် စားအုန်းဆီကို မခဲရန် အနံ့ပျော့ဆပ်ပြာမှုန့်များ ရောကျိုကာ ပဲဆီအနံ့သွင်းပြီး ပဲဆီအဖြစ်ရောင်းချမှုများရှိနေကြောင်း တောင်ဒဂုံ စက်မှုဇုန်မှ ဆုံဆီသီးသန့် ရောင်းချသူ တစ်ဦးကပြောကြားသည်။ ဈေးသက်သာသော စားအုန်းဆီကို မီးအပူပေးကျိုပြီး  အနံ့သိပ်မပြင်းသည့် ဆပ်ပြာမှုန့်များနှင့် ရောလျှင် စားအုန်းဆီသည် ရေခဲသေတ္တာထဲထည့်လျှင်ပင် မခံဘဲ အရောင်မှာလည်း ကြည်လာကြောင်း ဆပ်ပြာမှုန့်ရောထားသည့် စားအုန်းဆီ တစ်ပီပါကို မြေပဲရနံ့ တစ်အောင်စလျှင် ပဲဆီနှင့် ဆင်တူယိုးမှား ဖြစ်သွားပြီး ပဲဆီအဖြစ် ဈေးမြှင့်ရောင်းကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။  အိမ်ရှင်မအများစုသည် စားအုန်းဆီသာခဲပြီး ပဲဆီဆိုလျှင် မခဲဟု […]