unclegyi1974December 5, 20101min26115
ငယ်ငယ်က အသက်ကြီးတဲ့လူကြီးတွေပြောတာကြားဖူး တာပါ အသက်ကြီးလာရင်စိတ်ကဟိုရောက်ဒီရောက် ဟိုတွေးဒီတွေးဆိုတာ အခုကိုယ်တိုင်အသက်ကြီးလာ မှအင်းမှန်တယ်လို့သိလာရတယ် ဟိုတနေ့ကလမ်းသွားနေတုန်းသမီးကလေဆိုပြီးစကား ပြောနေသံကြားလို့ကြည့်လိုက်တာ လားလား သမီးဆိုပြီး သူ့ကိုယ်သူပြောနေတဲ့အသက် ၃ဝကျော်အမျိုးသမီးကို တွေ့လိုက်ရတယ် အိမ်ပြန်ရောက်ပြီးနားနေတုန်း သမီး ဆိုတဲ့အသံနားထဲပြန်ရောက်လာရော စဉ်းစားကြည့်လိုက် မိတယ် ကျွန်တော်တို့မြန်မာလူမျိုးဆိုတာအပြောအဆို ယဉ်ကျေးတယ်ဆိုတာအထူးပြောစရာမလိုပါဘူး ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ကျွန်တော် ကျွန်မ ဘဲသုံးတာပါ လူကြီးတွေကလဲသင်ပေးရင်ဒီလိုဘဲပြောပြီး သင်ကြပါတယ် အခုခေတ်ကလေးတွေကစကားပြောရင် သားကလေ သမီးကလေနဲ့ပြောကြတာနားထောင်လို့လဲ ကောင်းပါရဲ့ယဉ်ကျေးမှုလဲရှိကြပါရဲ့ ဒါဖြင့်ဘာများမကောင်းတွေးနေတာလဲဆိုရင် ဟုတ်ကဲ့ ငယ်တုန်း ကလေးအရွယ်ဆိုရင်ကောင်းတာပ သို့သော် ကလေးအရွယ်လွန်လို့လုပ်ငန်းခွင်ထဲရောက်လာလဲ သမီးနဲ့သားဘဲ ယောက်ျားလေးတွေကနဲနဲတော်သေးတယ် ၁ဝ ယောက် ၁ယောက်ပြောခဲတယ် မိန်းကလေးတွေက ပိုများတယ်သမီး သမီးနဲ့ငယ်နေလိုက်ကြတာလူကြီးကို မဖြစ်တော့ဘူးကောင်းတာလားမကောင်းတာလား ဘာမှန်းကိုမသိနိုင်အောင်ပါဘဲ အမှန်က သားနဲ့သမီး ဆိုတာ ၁ဝ တန် အောင်ပြီးလို့ တက္ကသိုလ်ရောက်ရင်မသုံးသင့်တော့ဘူးလို့တွေးမိ ပါတယ် […]