သတင်းစာ များ၌ နာရေး ကြော်ငြာများ ကြည့်လျှင် အသက် ၅ဝ ဝန်းကျင် နှင့် သေဆုံးသူတွေ များနေကြောင်း တွေ့ရပါမည်။ ထိုသူများ မှာလည်း ဝန်ထမ်းများ နှင့် စီးပွားရေး လုပ်ငန်း လုပ်သူများ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ အလုပ်တာဝန် များစွာတာဝန်ယူ ထမ်းဆောင်နေရင်း သက်တမ်း မစေ့မီသေကြရသဖြင့်သတင်းစာ ပေါ်တွင် များစွာသော ဝမ်းနည်း ကြောင်း သဝဏ်လွှာများကို လည်းဖတ်ရှုနေကြရပါသည်။ အလုပ်တာဝန်များသူများ မှာ အလုပ်ပြီးအလုပ်ဆက်နေ သဖြင့် စားချိန် မမှန်၊ အိပ်ချိန် မမှန် အနားယူချိန်မရှိကြသည်ကများ ပါသည်။ စားဖို့အချိန်မပေးနိုင် သောအခါ လွယ်ကူစာ များကို သာ နေ့စဉ်စားသုံးကြသဖြင့် ရောဂါရခြင်း၊ အသက်တို ရခြင်း ဖြစ်နိုင်သည်။ “လွယ်ကူစာ”ဆိုသည်မှာအ ချိန်တိုအတွင်း […]